မတ်လ ၂၅ – ၂၀၂၆
စစ်ကော်မရှင် ဥက္ကဌ ဟာ ခါးကျီးပေါင်းရောဂါ ကြောင့် အကြောညပ်လို့ မတ်လ ၂၀ ရက်နေ့က အရေးပေါ် ခွဲစိတ်ကုသခဲ့ရပြီးနောက် မနေ့ မတ်လ ၂၄ ရက် မှာတော့ ပြန်ထွက်လာပြီး စက်သုံးဆီ ချွေတာရေး အစည်းအဝေး တက်ရောက်စကား ပြောခဲ့ပါတယ်။
အီရန်စစ်ပွဲကြောင့် နိုင်ငံတိုင်း စက်သုံးဆီ ရှားပါးမှု ကြုံတွေ့နေရတဲ့ အတွက် မြန်မာနိုင်ငံမှာလည်း ဒီအခက်အခဲ့ကို ကျော်လွားနိုင်ဖို့ လာမယ့် သင်္ကြန်ပွဲကို အကန့်အသတ်နဲ့သာ ကျင်းပဖို့ သူက ပြောကြားသွားပါတယ်။
ဒါ့အပြင် ရထားတွေကို လျှပ်စစ်ခေါင်းတွဲနဲ့ ပြေးဆွဲဖို့ ကိစ္စအပါအဝင် အဝေးပြေး ဘတ်စ်ကားတွေ နဲ့ အများပြည်သူသုံး ယာဥ်တွေ အတွက် လိုအပ်တဲ့ စက်သုံးဆီကို မဖြစ်မနေ ဖြည့်တင်း ဆောင်ရွက် ပေးသွား ရမယ်လို့ မှာကြားသွားကြောင်း သိရပါတယ်။
—————————
