မတ်လ ၂၈ – ၂၀၂၆
မနေ့က နေပြည်တော်မှာ စစ်တပ်က ကျင်းပတဲ့ ၈၁ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ တပ်ချုပ်ဖြစ်သူ စစ်ကော်မရှင် ဥက္ကဌ က ၂၀၀၈ ခြေဥ ပြင်ဆင်ရေး သဘောတူညီချက် ၄၃ ချက်ကို လွှတ်တော်မှာ ဆွေးနွေး ပြင်ဆင်သွားမှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
ဒီသဘောတူညီချက် ၄၃ ချက်ဟာ နိုင်ငံရေးပါတီတွေ အပါအဝင် EAO တချို့ နဲ့ စစ်တပ်အကြား အာဏာသိမ်း ၅ နှစ်အတွင်း ဆွေးနွေး သဘောတူညီခဲ့တဲ့ ခြေဥ ပြင်ဆင်ရေး အချက်တွေ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်နယ်တွေမှာ ဝန်ကြီးချုပ် ကိုယ်တိုင်ရွေးချယ်ခွင့် ဖြစ်တဲ့ ပုဒ်မ ၂၆၁ လည်း သီးခြား ဆွေးနွေးဖို့ ရှိတယ်လို့ သတင်းတွေလည်း ထွက်ပေါ် နေတာပါ။
တပ်ချုပ်မိန့်ခွန်းမှာ အရင်အစိုးရတွေ လက်ထက်တုန်းက ရရှိထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူညီချက်တွေကိုလည်း လွှတ်တော်မှာ တင်ပြ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့လည်း ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။
ဒီမိန့်ခွန်းဟာ တပ်ချုပ်အနေနဲ့ စစ်တပ်အတွက် နောက်ဆုံးပြောကြားတဲ့ မိန့်ခွန်း ဖြစ်နိုင်ပါတယ်။
အကြောင်းကတော့ တပ်ချုပ်ကိုယ်တိုင် သမ္မတ ဝင်လုပ်မှာ ဖြစ်တယ်လို့ အများက ယုံကြည်နေတာ ဖြစ်ပါတယ်။
—————————
