THN Public Media Blog သတင်း နိုင်ငံရေး မဲစာရင်းတွ မှား နေကြောင်း ဘူးလတ် ဦးလှဆွေ ပြော
နိုင်ငံရေး ပြည်တွင်း

မဲစာရင်းတွ မှား နေကြောင်း ဘူးလတ် ဦးလှဆွေ ပြော

အောက်တိုဘာ ၆ – ၂၀၂၅

ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော်အမတ်ဟောင်း ဘူလက်လှဆွေ လို့ လူသိများတဲ့ ဦးလှဆွေက စစ်ကော်မရှင် ကျင်းပမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲ အတွက် ကပ်ထားတဲ့ မဲစာရင်းတွေ တော်တော်များများ လွဲနေတယ်လို့ မနေ့က ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

Lion united usdp ဆိုတဲ့ သူ့ရဲ့ တစ်တော့ အကောင့်ကနေ ရုပ်သံအတို ပြောကြားခဲ့တာ ဖြစ်ပြီး မဲစာရင်းတွေဟာ ‘’၂၀၂၀ တုန်းက မဲစာရင်း အဟောင်းကြီးတွေ လို့ ယူဆရတယ်’’ ဆိုတဲ့ မဲစာရင်းတွေ ပြန်ကပ် ထားပုံရတယ်လို့ ဆိုပါတယ်။အခု အသစ်ပြန်ကောက်ထားတဲ့ မဲစာရင်းတွေ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

မဲစာရင်း ၅၀၀ မှာ ၃၀၀ လောက်ကွာနေကြောင်းနဲ့ မင်္ဂလာ ဒီပလို့ ရပ်ကွက်မျိုးမှာ ဆို ရပ်ကွက်အုပ်ချုပ်မှူး မိသားစုတောင် မပါဘူးလို့ ပြောပါတယ်။ဒါ့အပြင် သေသွားတဲ့သူတွေ၊ အပြီးနေရပ်ပြောင်းသွားတဲ့သူတွေ အ‌တော်များများ ပြန်ပါ နေကြောင်း၊ လွှတ်တော်ကိုယ်စားတဦးဆိုရင် သူ့နာမည်သာပါပြီး မိသားစုနာမည်တွေ မပါကြောင်း တွေ့ရတယ်လို့လည်း ဆိုပါတယ်။

UEC ရဲ့ ဒီမဲစာရေးတွေဟာ တော်တော့်ကို မှားယွင်းနေတာဖြစ်လို့ အချိန်မီ ပြန်ပြင်ရမယ်လို့ ရုပ်သံအတိုကနေ ပြောကြားသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version