နိုင်ငံရေး

မဲပေးသူမရှိသလောက် ဖြစ်နေတဲ့ တောင်ကိုရီးယား မြန်မာသံရုံးက ကြိုတင်မဲ ဒုတိယနေ့၊ မဲပေးရက်ထပ်တိုး

ဒီဇင်ဘာ ၇ – ၂၀၂၅

တောင်ကိုးရီးယား ဆိုးလ်မြို့ မြန်မာသံရုံးမှာ ဒီကနေ့မနက် ဒီဇင်ဘာ ရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးဖို့ ဒုတိယနေ့မှာ မဲလာပေးသူ မရှိသလောက် ဖြစ်နေလို့ နောက်ထပ် ရပ်ထပ်တိုးလိုက်တယ်လို့ သိရပါတယ်။

အခုအချိန်အထိ မဲလာပေးသူ ၄ ယောက်ထပ် မပိုကြောင်း လေ့လာ စောင့်ကြည့်သူ တဦးက ပြောပါတယ်။

သံရုံးကတော့ ဒီဇင်ဘာ ၁၂ ရက် အထိ ၅ ရက်ထပ် တိုးလိုက်ပါတယ်။

စစ်ကော်မရှင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သူတွေက မနက်စောကြီး ကတည်းက သံရုံးကို လာရောက် ကန့်ကွက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး၊ စောင့်ကြည့်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *