ဖေဖော်ဝါရီ ၂၀ – ၂၀၂၆
ကချင်ပြည်နယ် မြစ်ကြီးနားလေဆိပ် မှာ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ ည ၈ နာရီ ကျော် အချိန် MNA လေကြောင်းလိုင်း ခရီးသည် လေယာဥ်တစင်း မန္တလေးကို ထွက်ဖို့ ပြင်ဆင်နေစဥ် ဒရုန်း တိုက်ခိုက်မှုကြောင့် လေယာဥ် အမြီးပိုင်း ကို ဗုံးစ ထိမှန်ခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန် ထားပါတယ်။
လေယာဥ် အမြီးပိုင်း အနည်းငယ် ထိခိုက် ပျက်စီးခဲ့ကြောင်းနဲ့ ခရီးသည် တွေကို ဘေးလွတ်ရာ အမြန်ရွှေ့ပြောင်းခဲ့ပြီး ထိခိုက်ဒဏ်ရာ ရမှု မရှိခဲ့ ဘူးလို့ ဖေါ်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုဟာ KIA PDF ပူးပေါင်းအဖွဲ့တွေက ခရီးသွားပြည်သူတွေကို ရည်ရွယ်တိုက်ခိုက်ခဲ့တာလို့လည်း စစ်ကော်မရှင်က စွပ်စွဲထားပါတယ်။
—————————
THN Public Media
