ဇွန် ၁၀ – ၂၀၂၆
မကွေးတိုင်း ပခုက္ကူခရိုင် မြစ်ခြေရဲစခန်းကို PDF တွေက ဇွန်လ ၁၀ ရက် ဒီကနေ့ မနက် ၅ နာရီမှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း PDF ရုံးချုပ် က သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုအတွင်း ရဲဘက်က ၂ ဦးကျပြီး စစ်သုံ့ပန်း ၁၄ ဦးဖမ်းမိကာ လက်နက် ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ တယ်လို့ ဖေါ်ပြထားပါတယ်။
PDF တွေဘက်က ထိခိုက်ကျဆုံးမှု ရှိမရှိကိုတော့ ဖေါ်ပြထားခြင်းမရှိပါ။
အခုလို တိုက်ခိုက်တာဟာ စစ်ကောင်စီ ကနေ မြစ်ခြေမြို့ က လူနေအိမ် ၁၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီး ပြီး လူထုတွေကို သတ်ဖြတ် ခဲ့တာကြောင့်လို့ ဆိုပါတယ်။
PDF တွေ အနေနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမယ့် သမိုင်းပေးတာဝန်ရှိတဲ့ အတွက် ဆက်လက် တိုက်ပွဲဝင်နေကြောင်းလည်း ဖေါ်ပြထားပါတယ်။
—————————
THN Public Media
