THN Public Media Blog သတင်း War မြစ်ခြေရဲစခန်းကို PDF တွေ စီးနင်းသိမ်းပိုက်
War နိုင်ငံရေး

မြစ်ခြေရဲစခန်းကို PDF တွေ စီးနင်းသိမ်းပိုက်

ဇွန် ၁၀ – ၂၀၂၆

မကွေးတိုင်း ပခုက္ကူခရိုင် မြစ်ခြေရဲစခန်းကို PDF တွေက ဇွန်လ ၁၀ ရက် ဒီကနေ့ မနက် ၅ နာရီမှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း PDF ရုံးချုပ် က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုအတွင်း ရဲဘက်က ၂ ဦးကျပြီး စစ်သုံ့ပန်း ၁၄ ဦးဖမ်းမိကာ လက်နက် ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ တယ်လို့ ဖေါ်ပြထားပါတယ်။

PDF တွေဘက်က ထိခိုက်ကျဆုံးမှု ရှိမရှိကိုတော့ ဖေါ်ပြထားခြင်းမရှိပါ။

အခုလို တိုက်ခိုက်တာဟာ စစ်ကောင်စီ ကနေ မြစ်ခြေမြို့ က လူနေအိမ် ၁၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီး ပြီး လူထုတွေကို သတ်ဖြတ် ခဲ့တာကြောင့်လို့ ဆိုပါတယ်။

PDF တွေ အနေနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမယ့် သမိုင်းပေးတာဝန်ရှိတဲ့ အတွက် ဆက်လက် တိုက်ပွဲဝင်နေကြောင်းလည်း ဖေါ်ပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version