THN Public Media Blog သတင်း နိုင်ငံရေး လာအို နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ လာမယ်
နိုင်ငံရေး

လာအို နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ လာမယ်

ဇွန် ၉ – ၂၀၂၆

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေရဲ့ ဖိတ်ကြားချက်အရ လာအိုနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Thongsavanh Phomvihane ဟာ လာမယ့် ဇွန်လ ၁၂ ရက်နေ့ ကနေ ၁၃ ရက်နေ့အထိ မြန်မာနိုင်ငံဆီ တရားဝင်ခရီးစဉ် လာရောက်မှာ ဖြစ်ကြောင်း The Laotian Times သတင်းမှာ ဖေါ်ပြထား ပါတယ်။

ဒီခရီးစဉ်ဟာ ဆယ်စုနှစ် ၇ ခုကျော် ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပိုမို ခိုင်မာစေဖို့နဲ့ အိမ်နီးနားချင်းကောင်း အဖြစ် ပူးပေါင်း ဆောင်ရွက်မှုတွေကို ပိုမိုနက်ရှိုင်းစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်လို့ သိရပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version