THN Public Media Blog အင်တာဗျူး မြန်မာကျားဖျန့် တိုက်ဖျက်ရေး တရုတ် အမေရိကန် အားပြိုင်မှု နောက်ကွယ် – ကိုစတီဗင်စန်းယု နဲ့ မေးမြန်းခန်း
အင်တာဗျူး

မြန်မာကျားဖျန့် တိုက်ဖျက်ရေး တရုတ် အမေရိကန် အားပြိုင်မှု နောက်ကွယ် – ကိုစတီဗင်စန်းယု နဲ့ မေးမြန်းခန်း

မြန်မာအပါအဝင် အရှေ့တောင်အာရှက ကျားဖျန့် နှိမ်နင်းရေး အမေရိကန်က တပ်ဖွဲ့ ဖွဲ့စည်းလိုက်ပြီး ချက်ခြင်း ဆိုသလို တရုတ် ကလည်း မြန်မာအပါအဝင် မဲခေါင် ၆ နိုင်ငံကို ကူမင်းမှာ ခေါ်ပြီး အစည်းအဝေး လုပ်ကာ ကျားဖျန့် နှိမ်နင်းရေး ဆောင်ရွက်ဖို့ အချက် ၂၁ ချက်ကို သဘောတူလိုက်ပါတယ်။

အမေရိကန်ကတော့ အထူးတပ်ဖွဲ့အပြင် မြန်မာနိုင်ငံက DKBA ခေါင်းဆောင် တွေကို ကျားဖျန့်မှာ ပါဝင်ပတ်သက်မှုနဲ့ ဒဏ်ခတ်ပိတ်ဆို့တာ အပါအဝင် နေရာ ၃ ခုကို ပစ်မှတ်ထား နိမ်နင်းဖို့ ထုတ်ပြန် ထားတာပါ။

အခုလို မြန်မာနိုင်ငံက ကျားဖျန့် နှိမ်နင်းရေးမှာ အမေရိကန် နဲ့ တရုတ် တို့ ဘာကြောင့် အရေးတကြီး အားပြိုင်နေတာလဲ
အဲဒီလို အားပြိုင်မှု နောက်ကွယ်မှာ မြန်မာနိုင်ငံ ဘယ်လို ပတ်သက်နေလဲ..
မြန်မာစစ်ကော်မရှင် BGF နဲ့ DKBA အကြား ဘာတွေ ထူးခြားလားနိုင်လဲ… ဆိုတာ

ထိုင်းအရေးကျွမ်းကျင်သူ ကျားဖျန့်အရေး စောင့်ကြည့်နေသူ ကိုစတီဗင်စန်းယု ကို မေးမြန်း တင်ဆက်ထားပါတယ်။

THN Public Media

မြန်မာကျားဖျန့် တိုက်ဖျက်ရေး တရုတ် အမေရိကန် အားပြိုင်မှု နောက်ကွယ် - ကိုစတီဗင်စန်းယုနဲ့ မေးမြန်းခန်း

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version