နိုင်ငံတကာ နိုင်ငံရေး

မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကို ကုလအတွင်းရေးမှူးချုပ် ရှုတ်ချ၊ မြန်မာနိုင်ငံမှာ “ငြိမ်းချမ်းရေး ဆိတ်သုဉ်းနေဆဲ” လို့ အာဆီယံ အစည်းအဝေးမှာ ပြောကြား၊ နိုင်ငံရေးခေါင်းဆောင်တွေ ပြန်လွှတ်ပေးဖို့ တောင်းဆို

အောက်တိုဘာ ၂၇ – ၂၀၂၅

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က မြန်မာနိုင်ငံ မှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ရှုချလိုက်ပြီး မြန်မာနိုင်ငံမှာ “ငြိမ်းချမ်းရေး ဆိတ်သုဉ်း နေဆဲ” လို့ ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်း အဝေးမှာ ပြောကြားလိုက် ပါတယ်။

သက်ဆိုင်သူ အားလုံး အနေနဲ့ ရန်လိုမှုတွေကို ရပ်တန့်ကြဖို့နဲ့ အရပ်သားတွေကို ကာကွယ်ရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အနှောင့်အယှက် ကင်းကင်းနဲ့ ရောက်ရှိခွင့်ပြုဖို့ တို့ကို တိုက်တွန်းသွားခဲ့ပါတယ်။

ဂူတာရက်စ်က ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ အပါအဝင် မတရား ဖမ်းဆီး ထိန်းသိမ်းခံထားရသူတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး၊ လက်ရှိ အခြေအနေတွေအောက်မှာ ကျင်းပမယ့် မည်သည့် ရွေးကောက်ပွဲ မဆို ဘေးဖယ်ခံထားရမှုနဲ့ မတည်ငြိမ်မှု တွေကို ပိုမို နက်ရှိုင်းစေမယ့် အန္တရာယ်ရှိကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးက ဆိတ်သုဉ်းနေဆဲပါ။ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ ရပြီး၊ သန်းနဲ့ချီတဲ့ လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်နေကာ၊ လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်တွေက မြင့်တက်နေပါတယ်” လို့ အာဆီယံ-ကုလသမဂ္ဂ ထိပ်သီး အစည်းအဝေး ဖွင့်ပွဲမိန့်ခွန်းမှာ ပြောကြားခဲ့ပြီး၊ ရိုဟင်ဂျာတွေနဲ့ တခြား တိုင်းရင်းသား အသိုင်းအဝိုင်းတွေက နှိပ်စက်ညှဉ်းပန်း ခံရမှုနဲ့ ထပ်တလဲလဲ အဓမ္မ ရွှေ့ပြောင်းခံရမှုတွေကို ဆက်လက် ခံစားနေရကြောင်း မှတ်ချက်ပြု ပြောကြား ခဲ့ ပါတယ်။

မြန်မာနိုင်ငံ အတွက် လူသားချင်းစာနာထောက်ထားမှု တုံ့ပြန်ရေး အစီအစဉ် နဲ့ ပတ်သက်ပြီး ရန်ပုံငွေ အရေးတကြီး လိုအပ်နေသေးကြောင်း သတိပေးခဲ့ပြီး၊ အကျပ် အတည်းကို ဖြေရှင်းရန်အတွက် နိုင်ငံတကာကနေ အရေးပေါ် အကူအညီတွေ ပေးအပ်ဖို့ တောင်းဆိုသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး ရည်ရွယ်တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် နဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ ကို အကောင်အထည် ကုလသမဂ္ဂ အနေနဲ့ ပံ့ပိုးကူညီဖို့ ကတိပြုထားကြောင်းလည်း ထပ်မံအတည်ပြုပြောကြား ခဲ့ပါတယ်။

ref: malaymail

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *