THN Public Media Blog အင်တာဗျူး မြန်မာနိုင်ငံ အာဆီယံမှာ ထိပ်သီးအဆင့် ပြန်ပါရေး ဖြစ်နိုင်မလား – မေးမြန်းခန်း – ဦးအောင်သူငြိမ်း
အင်တာဗျူး

မြန်မာနိုင်ငံ အာဆီယံမှာ ထိပ်သီးအဆင့် ပြန်ပါရေး ဖြစ်နိုင်မလား – မေးမြန်းခန်း – ဦးအောင်သူငြိမ်း

စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲကနေ လွှတ်တော်ခေါ်ပြီးနောက် သမ္မတ ဖြစ်လာတဲ့ ဦးမင်းအောင်လှိုင် က သူ့ရဲ့ ပထမဆုံး သမ္မတ မိန့်ခွန်းမှာ အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေး ရအောင် ကြိုပမ်းသွားပြီး ဒေသတွင်း နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြေလည်အောင် ဆောင်ရွက်မယ်လို့ အလေးထား ပြောကြားသွားပါတယ်။

လက်ရှိ အာဆီယံ ဥက္ကဌ ဖိလစ်ပိုင် ကတော့ မြန်မာစစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲရော အစိုးရသစ် သမ္မတသစ် တွေ အပေါ် အသိအမှတ် ပြုတယ်ဆိုတာ ပြောဆိုထားခြင်းမရှိဘဲ မြန်မာအနေနဲ့ အာဆီယံ ဘုံ ၅ ချက် ဆောင်ရွက်ရေး ဆက်လက် တွန်းအားပေးထားပါတယ်။

ဒါပေမယ့်လည်း ထိတွေ့ ဆက်ဆံမှုတွေ ဆက်လုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။

အိမ်နီးခြင်း ထိုင်းနိုင်ငံ ကတော့ ဦးမင်းအောင်လှိုင် သမ္မတ ဖြစ်လာပြီး နောက် မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ သံတမန် ဖြစ်ခဲ့ပြီး အာဆီယံ ထဲ အပြည့်အဝ ပြန်ရောက်လာဖို့ ကြိုးစားပေးမယ်လို့ ဆိုပါတယ်။

ဒီတော့ အာဆီယံမှာ မြန်မာနိုင်ငံ ထိပ်သီးအဆင့် ပါဝင်ရေး ဘယ်လောက် ရေးကြီးလဲ… ပါဝင်ဖို့ရော ဖြစ်လာနိုင်မလား… ဘယ်လို အဆင့်တွေ ဆောင်ရွက်မှ ပြန်ပါခွင့်ရမလဲ.. ဘုံ ၅ ချက် မဖြစ်မနေ အကောင်အထည် ဖေါ်ဖို့ လိုအပ်မလား… ဆိုတာ နိုင်ငံရေးသုံးသပ်သူ ဦးအောင်သူငြိမ်း ကို မေးမြန်း တင်ဆက်ထားပါတယ်။


THN Public Media

မြန်မာနိုင်ငံ အာဆီယံမှာ ထိပ်သီးအဆင့် ပြန်ပါရေး ဖြစ်နိုင်မလား - မေးမြန်းခန်း - ဦးအောင်သူငြိမ်း

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version