ဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းက ဗီယက်နမ် ကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ အတွက် အုပ်စုပြုတ်ကာ ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။
အုပ်စု B က မြန်မာအသင်းဟာ ပထမ ၂ ပွဲမှာ ဖိလစ်ပိုင်နဲ့ မလေးရှား ကို အနိုင်ရထားပြီး ၆ မှတ်ရနေပေမယ့်လည်း ဗီယနမ် နဲ့ ဖိလစ်ပိုင် တို့ကလည်း ၂ ပွဲ နိုင် ၆ မှတ်စီရခဲ့ကြတာ ဖြစ်ပါတယ်။
ဂိုးကွာခြားမှု အရ ဗီယက်နမ် က အုပ်စုဗိုလ် ဖိလစ်ပိုင်က အုပ်စု ဒုတိယ အနေနဲ့ ဆီးမီးကို တက်သွားပြီး မြန်မာက အုပ်စု တတိယ နေရာ ကနေ ပြိုင်ပွဲက ထွက်ခဲ့ရတာ ဖြစ်ပါတယ်။
—————————
THN Public Media
