ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဆေးရုံကို စစ်တပ်က ဗုံးကြဲလို့ သေဆုံးသူ ၃၃ ဦးနဲ့ ဒဏ်ရာရသူ ၇၆ ဦးရှိကြောင်း အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခ က ပြောပါတယ်။
ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့တာဖြစ်ကြောင်း နဲ့ သေဆုံးသူတွေထဲမှာ အမျိုးသား ၁၆ ယောက်နဲ့ အမျိုးသမီး ၁၇ ယောက်ဖြစ်တယ်လို့ ပြောပါတယ်။
ဒဏ်ရာပြင်းထန် ၂၇ ယောက် ရှိကြောင်းနဲ့ အသေးစား အလတ်စာ ဒဏ်ရာ ရရှိသူ ၄၉ ယောက်ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
မနေ့ ဒီဇင်ဘာလ (၁၀) ရက်၊ ည (၉) နာရီ(၁၃) မိနစ်လောက်မှာ ဗုံးကြဲခဲ့တာ ဖြစ်ပြီး ဒါဟာ စစ်ရာဇဝတ်မှု ချိုးဖေါက်တာ ဖြစ်ကြောင်း ဦးခိုင်သုခ က ဗီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် AA အနေနဲ့ လိုအပ်သလို လက်တုန့်ပြန်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။
Photo – APM
—————————
THN Public Media
