THN Public Media Blog သတင်း နိုင်ငံရေး မြန်မာအရေးကြုံရင် အိန္ဒိယက ပထမဆုံး ဖေးမကူညီမယ့်နိုင်ငံ လို့ ဝန်ကြီးချုပ် မိုဒီပြော
နိုင်ငံရေး

မြန်မာအရေးကြုံရင် အိန္ဒိယက ပထမဆုံး ဖေးမကူညီမယ့်နိုင်ငံ လို့ ဝန်ကြီးချုပ် မိုဒီပြော

ဇွန် ၁ – ၂၀၂၆

မြန်မာနိုင်ငံမှာ အရေးကြုံလာရင်လည်း အိန္ဒိယဟာ အမြဲတမ်း ပထမဆုံး ကူညီဖေးမမယ့် နိုင်ငံ ဖြစ်တယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန (နိုင်ငံခြားရေးဝန်ကြီးဌာန) က သတင်းထုတ်ပြန် ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဆွေးနွေးပွဲလမ်းကြောင်းတွေ ဖြစ်ပေါ်လာဖို့ အိန္ဒိယဘက်က ကူညီပေးဖို့ အသင့်ရှိနေကြောင်းလည်း မစ္စတာ မိုဒီက ပြောကြားခဲ့ပါတယ်။

#အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက် အပြည့်အစုံ

—————————————————-

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ မြန်မာနိုင်ငံက သမ္မတ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ပိုပြီးတိုးမြှင့်ဖို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။

ရှေးယခင်ကတည်းက ရှိခဲ့တဲ့ သမိုင်းကြောင်းအရ ရင်းနှီးမှုတွေနဲ့ ပြည်သူ အချင်းချင်း ကြားက သံယောဇဉ်တွေကို အခြေခံပြီး ငြိမ်းချမ်းရေး၊ တိုးတက်ရေးနဲ့ ဖွံ့ဖြိုးစည်ပင်ရေးတို့အတွက် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်သွားဖို့ နှစ်ဦးနှစ်ဘက် သဘောတူခဲ့ကြ ပါတယ်။

ဒါ့အပြင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လမ်းပန်းဆက်သွယ်ရေး၊ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ မိတ်ဘက်လုပ်ငန်းတွေ၊ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ လုံခြုံရေးနဲ့ နယ်စပ် စီမံခန့်ခွဲမှု ကဏ္ဍတွေမှာလည်း ပိုပြီးတော့ လက်တွဲ လုပ်ဆောင်သွားကြဖို့ ရှိပါတယ်။

ဝန်ကြီးချုပ် မိုဒီက အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံ အတွက် အမြဲတမ်း ယုံကြည် အားကိုးရတဲ့ အိမ်နီးချင်းကောင်း ဖြစ်သလို၊ စိတ်ချရတဲ့ မိတ်ဘက် နိုင်ငံလည်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်၊ ပြီးတော့ အိန္ဒိယရဲ့ အိမ်နီးချင်းဦး စားပေးမူဝါဒ (Neighbourhood First)၊ အရှေ့မျှော်မူဝါဒ (Act East) နဲ့ ဒေသတွင်း ရေကြောင်း လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ (MAHASAGAR) တွေအတိုင်း မြန်မာနိုင်ငံမှာ အရေးကြုံလာရင်လည်း အမြဲတမ်း ပထမဆုံး ကူညီဖေးမမယ့် နိုင်ငံ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဆွေးနွေးပွဲလမ်းကြောင်းတွေ ဖြစ်ပေါ်လာဖို့ အိန္ဒိယဘက်က ကူညီပေးဖို့ အသင့်ရှိနေကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့ပြီး၊ အိန္ဒိယနိုင်ငံရဲ့ ဖက်ဒရယ် အုပ်ချုပ်ရေး စနစ်နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွေ့အကြုံ တွေကိုလည်း မျှဝေပေးသွားဖို့ ရှိတယ်လို့ ကတိပြုခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version