THN Public Media Blog သတင်း နိုင်ငံရေး မြန်မာ့ရွေးကောက်ပွဲအပြီး နောက်ဆက်တွဲ ဖြစ်ပေါ်မှုတွေကို အာဆီယံက ဆန်းစစ် သွားမယ်လို့ မလေးရှားဝန်ကြီးချုပ်ပြော
နိုင်ငံရေး

မြန်မာ့ရွေးကောက်ပွဲအပြီး နောက်ဆက်တွဲ ဖြစ်ပေါ်မှုတွေကို အာဆီယံက ဆန်းစစ် သွားမယ်လို့ မလေးရှားဝန်ကြီးချုပ်ပြော

Anwar Ibrahim, Malaysia's prime minister, speaks during a launch event for the Proton Holdings Bhd. electric vehicle plant in Tanjung Malim, Perak, Malaysia, on Thursday, Sept. 4, 2025. Proton, the Malaysian carmaker backed by China's Geely Automobile Holdings Ltd., launched its electric vehicle production plant on Thursday, marking the country's first foray into EV manufacturing. Photographer: Samsul Said/Bloomberg via Getty Image

ဒီဇင်ဘာ ၃၁ – ၂၀၂၅

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ပထမပိုင်း အပြီး နောက်ဆက်တွဲ ဖြစ်ပေါ်တိုးတက်မှုတွေကို အာဆီယံ ခေါင်းဆောင်တွေက ထည့်သွင်းစဉ်းစား သုံးသပ်သွားမယ်လို့ အာဆီယံ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က အင်္ဂါနေ့မှာ ပြောကြား လိုက်ပါတယ်။

မြန်မာနိုင်ငံ နေရာအတော်များများပျက်စီးစေပြီး အာရှမှာ အဆိုးရွားဆုံး လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ဖြစ်စေခဲ့တဲ့ ပြည်တွင်း စစ် ဖြစ်ပွားနေတဲ့ ကြားထဲကပဲ ဒီရွေးကောက်ပွဲကို အဆင့်ဆင့် ခွဲပြီး ကျင်းပနေတာ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို နိုင်ငံရေးအရ အသွင်ပြောင်းပြီး သက်ဆိုးရှည်အောင် ကြိုးပမ်းတဲ့ “အတုအယောင်” တစ်ခုသာ ဖြစ်တယ် လို့ ကုလသမဂ္ဂ၊ အနောက်နိုင်ငံ အစိုးရတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ကန့်ကွက်နေကြပါတယ်။

စစ်ကော်မရှင် ဘက်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ရွေးကောက်ပွဲကို အတင်းအကျပ် ဖိအားပေး လုပ်ဆောင်နေတာ မဟုတ်ဘဲ ပြည်သူ့ထော က်ခံမှု ရရှိထားတယ်လို့ ဆိုပါတယ်။

အဖွဲ့ဝင် ၁၁ နိုင်ငံ ပါဝင်တဲ့ အာဆီယံအဖွဲ့ရဲ့ လက်ရှိဥက္ကဋ္ဌ အန်နဝါ ကတော့ နိုင်ငံရေး ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေ အပါအဝင် မြန်မာ့ အခြေအနေ တွေကို အာဆီယံခေါင်းဆောင်တွေက ဂရုတစိုက် စောင့်ကြည့် သွားမယ်လို့ ပြောပါတယ်။

ရုပ်သံကနေတစ်ဆင့် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက “သုံးသပ်ချက်မှန်သမျှကို အဆင့်လိုက် လုပ်ဆောင်သွားမှာဖြစ်ပြီး အကြမ်းဖက်မှုတွေ လျော့ကျဖို့၊ အကွဲအပြဲတွေ ပိုမိုနက်ရှိုင်းစေမယ့် ဒါမှမဟုတ် အချိန်မတိုင်ခင် တရားဝင်မှု ပေးလိုက်သလို ဖြစ်စေမယ့် လုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့နဲ့ အားလုံးပါဝင်နိုင်ပြီး ယုံကြည်စိတ်ချရတဲ့ လမ်းစ ပေါ်လာဖို့ အတွက် ရည်ရွယ်လုပ်ဆောင်သွားမှာပါ” လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံအနေနဲ့ ဒီရွေးကောက်ပွဲ ကို တရားမျှတပြီး အားလုံးပါဝင်စေချင်ကြောင်း၊ ၂၀၂၁ ခုနှစ်က သဘောတူ ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာဖို့ စစ်ကောင်စီကို တိုက်တွန်းကြောင်း အရင်က ပြောခဲ့ဖူးပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေဟာ အတိုက်အခံတွေကို အကြမ်းဖက် သမားတွေ အဖြစ် သတ်မှတ်ပြီး တွေ့ဆုံဖို့ ငြင်းဆန်ခဲ့တာကြောင့် အဲဒီ “ဘုံသဘောတူညီချက် ၅ ချက်” ဟာ အခုထိတော့ ကျရှုံး နေတယ်လို့ပဲ အများက ရှုမြင်နေကြပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းကတည်းက မငြိမ်မသက် ဖြစ်နေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံတဝန်းက နယ်မြေ အတော်များများကို လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ် ထားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ref: reuters

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version