THN Public Media Blog သတင်း ပြည်တွင်း မြန်မာ Jazz ဂီတ ဘုရင် ဒဲရစ်မေလာ Jazz ဂီတပွဲတော် တက်ရောက် ဖျော်ဖြေ
ပြည်တွင်း

မြန်မာ Jazz ဂီတ ဘုရင် ဒဲရစ်မေလာ Jazz ဂီတပွဲတော် တက်ရောက် ဖျော်ဖြေ

မေလ ၁ – ၂၀၂၆

ဧပြီလ ၂၉ ရက်နေ့က ရန်ကုန် ပြင်သစ် ယဉ်ကျေးမှုဌာန မှာ ကျင်းပတဲ့ နိုင်ငံတကာ Jazz ဂီတ‌နေ့ အထိမ်းအမှတ် Jazz ဂီတပွဲတော်ကို မြန်မာ Jazz ဘုရင် ဒဲရစ်မေလာ တက်ရောက် ဖျော်ဖြေခဲ့ပါတယ်။

International Jazz Day 2026 – Yangon ခေါင်းစဥ်နဲ့ ဒီပွဲကို Myanmar Jazz Club – MJC ကပူးတွဲကျင်းပခဲ့တာ ဖြစ်ပြီး ပြင်သစ် ယဉ်ကျေးမှုဌာန ခြံဝန်းအပြည့် ပရိသတ် ၂၅၀၀ ကျော် တက်ရောက်အားပေးခဲ့ကြောင်း သိရပါတယ်။

ဒီပွဲနဲ့ ပတ်သက်ပြီး ပြင်သစ် ယဉ်ကျေးမှုဌာန က

‘’ဂျက်ဇ်ဂီတ၏ အနုပညာစွမ်းအားအောက်မှ ပွင့်ထွက်လာသော ပရိတ်သတ်များနှင့် အနုပညာရှင်များ၏ အပြုံးများ၊ နွေးထွေးမှုများ၊ ဝမ်းမြောက် ကြည်နူးရမှုများကို မိမိတို့ မြင်တွေ့ရသည်မှာ ဌာန၏ လွန်ခဲ့သော ဆယ်စုနှစ် တခုအတွင်း အအောင်မြင်ဆုံး၊ အမှတ်ရစရာ အကောင်းဆုံး အစီအစဉ်များထဲမှ ဂီတညနေခင်းတခုပင် ဖြစ်ပါတော့သည်’’ လို့ ရေးသားဖေါ်ပြထားပါတယ်။

လာမယ့်နှစ်မှာလည်း Jazz ဂီတနေ့ အခမ်းအနားကို အခုလို တပေါင်း တစည်း ထဲ ဆင်နွှဲနိုင်ဖို ပြင်သစ် ဌာန အနေနဲ့ စောင့်မျှော် နေပါတယ် လို့လည်း ဖေါ်ပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version