ပြည်တွင်း

မြိတ်-ထားဝယ်ခရိုင်က ‘’ဝင်းဝတပ်စခန်း’’ ကို KNLA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ သိမ်းပိုက်

မတ်လ ၁၂ – ၂၀၂၆

‎ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ က မြိတ်-ထားဝယ်ခရိုင်၊ မင်းဒပ်ကျေးရွာ မှာ နှစ်ပေါင်း (၃၀) ကျော် အခြေချတပ်စွဲထားတဲ့ ဝင်းဝတပ်စခန်း ကို မနေ့ မတ်လ ၁၁ ညနေပိုင်းမှာ KNLA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU က သတင်းထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ နှစ် ၂၀၂၅ တနှစ်တာ ကာလအတွင်း မြိတ်ထားဝယ်ခရိုင်၊ တပ်မဟာ ၄ မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်တပ် အကြား တိုက်ပွဲ (၅၅) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ် ဘက်က (၁၇၃) ဦး ကျကာ (၈၇) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ လည်း ဖေါ်ပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *