War နိုင်ငံတကာ

အီရန်ခေါင်းဆောင်သစ်ရဲ့ ပထမဆုံးကြေညာချက်ထွက်ပေါ်၊ သတ်ဖြတ်ခံရတဲ့ အီရန်နိုင်ငံသားတွေ အတွက် လက်စားချေမယ်၊ အိမ်နီးချင်းနိုင်ငံတွေမှာ ရှိတဲ့ အမေရိကန် စခန်းတွေကို ဆက်တိုက်မယ်၊ ဟော်မုဇ်ရေလက်ကြားကို ဆက်ပိတ်ထားမယ်၊

မတ်လ ၁၂ – ၂၀၂၆

အီရန်ခေါင်းဆောင်သစ် မိုချ်တာဘာ ခါမေနီ ရဲ့ ပထမဆုံးကြေညာချက် ကို အီရန်နိုင်ငံပိုင် ရုပ်သံကနေ ဖတ်ကြားသွားခဲ့ရာ သတ်ဖြတ်ခံရတဲ့ အီရန် နိုင်ငံသားတွေ အတွက် လက်စားချေမှာ ဖြစ်သလို အိမ်နီးချင်းနိုင်ငံတွေမှာ ရှိတဲ့ အမေရိကန် စခန်းတွေကို ဆက်တိုက်မှာ ဖြစ်တယ်လို့ ပြောကြားကာ ဟော်မုဇ်ရေလက်ကြားကို ဆက်ပိတ်ထားမယ်လို့ ကြေညာသွားပါတယ်။

အသတ်ခံခဲ့ရတဲ့ အီရန်နိုင်ငံသားတွေရဲ့ သွေးကြွေးအတွက် လက်စားချေဖို့ အီရန်အနေနဲ့ ဝန်လေးနေမှာ မဟုတ်ဘူးလို့ မိုဂျတာဘာ ခါမေနီက ပြောကြား လိုက်တာ ဖြစ်ပါတယ်။

အထူးသဖြင့် မီနပ် Minab မြို့က စာသင်ကျောင်းအနီး အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် ကလေးသူငယ် ၁၁၀ ခန့် အပါအဝင် လူပေါင်း ၁၆၈ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

အီရန်နိုင်ငံပိုင် ရုပ်သံ က ဆက်လက်ကြေညာရာမှာ မိုချ်တာဘာ ကို “ရမ်မာဒန်စစ်ပွဲရဲ့ စစ်ပြန်တဦး” အဖြစ် ရည်ညွှန်းပြောဆိုခဲ့ပေမဲ့ သူဒဏ်ရာ ရရှိထားခြင်း ရှိ၊ မရှိကိုတော့ အတည်ပြုပြောကြားတာမျိုး မရှိပါ။

မိုချ်တာဘာ က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့တာဟာ အီရန်အတွက် အရေးပါတဲ့ အားသာချက်တခု အဖြစ် ဆက်လက် အသုံးပြုသွားသင့်တယ် လို့ ဆိုပါတယ်။

အီရန်အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ချစ်ကြည်ရေး မူဝါဒ ထားရှိတယ်လို့ ဆိုပေမဲ့၊ အဲဒီနိုင်ငံတွေမှာ ရှိတဲ့ အမေရိကန် စစ်အခြေစိုက် စခန်းတွေကို ပိတ်ပစ်ဖို့ တိုက်တွန်းခဲ့ပြီး၊ အဲဒီ စခန်းတွေကို အီရန်က ဆက်လက် ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

မိုချ်တာဘာ ဟာ သူ့ကို အီရန်ခေါင်းဆောင်သစ် အဖြစ် ခန့်အပ်ပြီးချိန် ကစလို့ နိုင်ငံပိုင်ရုပ်သံမှာ လူကိုယ်တိုင် ထွက်ပေါ်လာတာမျိုး မရှိသေးဘဲ၊ သူပေးပို့တဲ့ သတင်းစကားကိုသာ ရုပ်သံတင်ဆက်သူက ဖတ်ကြားပြသ ခဲ့တာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *