မတ်လ ၁၅ – ၂၀၂၆
KNU ကရင်အမျိုးသား အစည်းအရုံး မြိတ်-ထားဝယ်ခရိုင် တောင်ယာကမ်း ကျေးရွာ က စစ်တပ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မနေ့
မတ်လ ၁၄ ရက် မနက် ၈ နာရီခွဲမှာ တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး ကတည်းက ဒီရွာမှာ စတင် တပ်စွဲထားတာ ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၆ ဦးကျကာ ၃၀ ထွက်ပြေး သွားတယ်လို့ ဆိုပါတယ်။
MA1 ၄ လက်၊ MA3 ၁ လက် နဲ့ လက်နက်ခဲယမ်း တချို့သိမ်းဆည်း ရရှိခဲ့တယ် လို့လည်း ဖေါ်ပြထားပါတယ်။
—————————
THN Public Media
