War

မြောက်ဦး ဆေးရုံဟာ ပိတ်ထားတာ ဖြစ်ပြီး AA က စစ်စခန်းအဖြစ် အသုံးပြုနေတာလို့ စစ်တပ်တုန့်ပြန်

ဒီဇင်ဘာ ၁၃ – ၂၀၂၅

ဒီဇင်ဘာ ၁၁ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဆေးရုံ ဗုံးကြဲခံရလို့ အရပ်သားတွေ သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး စစ်တပ်က မနေ့က တုန့်ပြန်ရာမှာ အဲဒီ ဆေးရုံဟာ တရားဝင် ပိတ်သိမ်းထားတာ ဖြစ်ပြီး အဲဒီနေရာကို AA က ခိုအောင်းကာ ဆေးရုံအသွင်အဖြစ် အကာအကွယ်ယူ စခန်းလုပ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

AA နဲ့ ဒေသခံ PDF BPLA အရှိုချင်း အဖွဲ့တွေကနေ အဲဒီနေရာကို ဆေးရုံ အသွင်အပြင်နဲ့ စခန်းအဖြစ် အုပ်ချုပ်ရေး ကိစ္စတွေ ဆောင်ရွက်ဖို့ အသုံးပြု နေတာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

AA ရဲ့ ယုံကြည်စိတ်ချရတဲ့ မိသားစုဝင်တွေကို အဲဒီမှာ တာဝန်ပေး စေခိုင်း မှုတွေ လုပ်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခုလို စစ်စခန်း အဖြစ်အသုံးပြုနေတဲ့ အဆောက်အဦးတွေကို Counter Terrorism Operation အရ စစ်ဆင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန် ထားပါတယ်။

သေဆုံးသွားတဲ့ သူတွေဟာ ပြည်သူတွေ မဟုတ်ဘဲ AA BPLA PDF နဲ့ အရှိုချင်း အဖွဲ့တွေက ဖြစ်ကြောင်း လူမူကွန်ရက် စာမျက်နှာတွေ ပေါ်က အထောက် အထားတွေ အရ သိရတယ်လို့ ဖေါ်ပြထားပါတယ်။

စစ်တပ်အနေနဲ့ လိုအပ်တဲ့ ချေမှုန်းရေး စစ်ဆင်ရေးကို (Rules of Engagement – ROE) အညီ လိုအပ်သလို ဆက်လက် ဆောင်ရွက် သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *