Strike

War

မြောက်ဦး ဆေးရုံဟာ ပိတ်ထားတာ ဖြစ်ပြီး AA က စစ်စခန်းအဖြစ် အသုံးပြုနေတာလို့ စစ်တပ်တုန့်ပြန်

ဒီဇင်ဘာ ၁၃ – ၂၀၂၅ ဒီဇင်ဘာ ၁၁ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဆေးရုံ ဗုံးကြဲခံရလို့ အရပ်သားတွေ သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး စစ်တပ်က မနေ့က တုန့်ပြန်ရာမှာ အဲဒီ ဆေးရုံဟာ တရားဝင် ပိတ်သိမ်းထားတာ ဖြစ်ပြီး အဲဒီနေရာကို AA က ခိုအောင်းကာ ဆေးရုံအသွင်အဖြစ် အကာအကွယ်ယူ စခန်းလုပ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ AA နဲ့ ဒေသခံ PDF BPLA အရှိုချင်း အဖွဲ့တွေကနေ အဲဒီနေရာကို ဆေးရုံ အသွင်အပြင်နဲ့ စခန်းအဖြစ် အုပ်ချုပ်ရေး ကိစ္စတွေ ဆောင်ရွက်ဖို့ အသုံးပြု နေတာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ AA ရဲ့ ယုံကြည်စိတ်ချရတဲ့ မိသားစုဝင်တွေကို အဲဒီမှာ တာဝန်ပေး

Read More
War

ရခိုင် မြို့နယ် ၄ ခုကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်

ဒီဇင်ဘာ ၁၂ – ၂၀၂၅ ဒီကနေ့ ည ၉ နာရီလောက်က စတင်ပြီး စစ်တပ်ကနေ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်က မြို့နယ် ၄ မြို့နယ်ကို လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ AA က ညတွင်းချင်း သတင်းထုတ်ပြန် ထားပါတယ်။ လေကြောင်းကနေ Cluster ဗုံး အပါအဝင် ရော့ကက်တွေက တိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ် က ခမောင်းတောရွာ၊ ဝါဘိုရွာ ဝန်းကျင်၊ ပေါက်တော မြို့နယ် သဲခုံရွာ ဝန်းကျင်၊ မြောက်ဦးမြို့နယ် ရဲတပ်ရင်း (၃၁) ဝန်းကျင် နဲ့ ရသေ့တောင်မြို့နယ် အငူမော် နဲ့ မူစဲ ကျွန်း ဝန်းကျင် နေရာတွေကို တိုက်ခိုက်ခဲ့တာ

Read More
War

ကျောက်ဖြူ လေကြောင်းတိုက်ခိုက်မှု ၈ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၁၂ – ၂၀၂၅ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့နယ် ၊ ငလုံးစုရွာမှာ ဒီဇင်ဘာ ၁၁ ရက်နေ့ ည ၇ နာရီ ကျော်လောက်က စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၈ ဦး သေဆုံးပြီး တခြား ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ် ။ ” သိရသလောက် သေတာရှစ်ယောက် ရှိတယ်။ ယောကျ်ားလေး သုံးယောက်နဲ့ မိန်းကလေး ငါးယောက်ပါ ။ ဒဏ်ရာရတဲ့ အထဲမှာလည်း အမျိုးသမီး တွေပါတယ် သိရတယ်။ ဒဏ်ရာရတဲ့ အခြေအနေတော့ သေချာမသိ ရသေးဘူး ။ ညက ၇ နာရီ ခွဲကျော်လောက်မှာ လေကြောင်းကနေ ကြဲချသွားတာလို့

Read More