War

ရခိုင် မြို့နယ် ၄ ခုကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်

ဒီဇင်ဘာ ၁၂ – ၂၀၂၅

ဒီကနေ့ ည ၉ နာရီလောက်က စတင်ပြီး စစ်တပ်ကနေ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်က မြို့နယ် ၄ မြို့နယ်ကို လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ AA က ညတွင်းချင်း သတင်းထုတ်ပြန် ထားပါတယ်။

လေကြောင်းကနေ Cluster ဗုံး အပါအဝင် ရော့ကက်တွေက တိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် က ခမောင်းတောရွာ၊ ဝါဘိုရွာ ဝန်းကျင်၊ ပေါက်တော မြို့နယ် သဲခုံရွာ ဝန်းကျင်၊ မြောက်ဦးမြို့နယ် ရဲတပ်ရင်း (၃၁) ဝန်းကျင် နဲ့ ရသေ့တောင်မြို့နယ် အငူမော် နဲ့ မူစဲ ကျွန်း ဝန်းကျင် နေရာတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

နောက်ဆက်တွဲ အနေနဲ့ ညသန်းခေါင်ကျော်မှာ ပုဏ္ဏားကျွန်းမြို့နယ် က တောင်ပေါက် ပတ်ဝန်းကျင် နဲ့ ရေပိုက်ဆုံ ကျေးရွာတို့ကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ မနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ ညတုန်းက မြောက်ဦးက ဆေးရုံကို လေယာဥ်နဲ့ ဗုံးကြဲခဲ့လို့ သေဆုံးသူ ၃၃ ဦးနဲ့ ဒဏ်ရာရသူ ၇၆ ဦးရှိကြောင်း အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခ က ပြောကြားခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *