နိုင်ငံတကာ

မြောက်ဦး လေကြောင်း တိုက်ခိုက်မှု အာဆီယံ ဥက္ကဌ ပြင်းထန်စွာ ရှုတ်ချ

KUALA LUMPUR, MALAYSIA – OCTOBER 26: Malaysian Prime Minister Anwar Ibrahim presides over the signing of a Cambodia-Thailand peace deal at Kuala Lumpur Convention Centre on October 26, 2025 in Kuala Lumpur, Malaysia. Trump is in Malaysia for the Association of Southeast Asian Nations (ASEAN) summit, and will next travel to Japan, en route to South Korea for the Asia-Pacific Economic Cooperation (APEC) forum. (Photo by Andrew Harnik/Getty Images

ဒီဇင်ဘာ ၁၄ – ၂၀၂၅

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဆေးရုံကို လေကြောင်းက တိုက်ခိုက်မှု အပေါ် အာဆီယံ ဥက္ကဋ္ဌ ကနေ မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အခုလို ဆေးရုံ အပေါ် တိုက်ခိုက်မှုအပေါ် အထူးစိုးရိမ်ကြောင်းနဲ့ အရပ်သား ၃၁ ဦး သေဆုံးပြီး ၇၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ အပေါ် ပြင်းထန်စွာ ရှုတ်ချ ကြောင်း ဖေါ်ပြထားပါတယ်။

ကြေညာချက် အပြည့်အစုံ

——————–

အာဆီယံ ဥက္ကဋ္ဌ၏ ကြေညာချက်

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အနောက်ပိုင်း၊ မြောက်ဦးမြို့ ဆေးရုံအား လေကြောင်းမှ တိုက်ခိုက်မှု အပေါ် အာဆီယံ ဥက္ကဋ္ဌ၏ ကြေညာချက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်

———————

၁။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် အနောက်ပိုင်း၊ မြောက်ဦးမြို့ ဆေးရုံအား လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်း အပေါ် အာဆီယံ အနေနဲ့ အထူး စိုးရိမ်ကြောင်း ဖော်ပြ ပါအပ်သည်။ ထိုတိုက်ခိုက်မှုကြောင့် အရပ်သား ၃၁ ဦး သေဆုံးပြီး ၇၆ ဦး ထိခိုက် ဒဏ်ရာ ရခဲ့ခြင်းကို ပြင်းထန်စွာ ရှုတ်ချ ပါသည်။

၂။ အရပ်သားများနှင့် ဆေးဘက်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုများသည် နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားမှု ဥပဒေများ (International Humanitarian Law) အပါအဝင် ၁၉၄၉ ခုနှစ် ဂျီနီဗာ ကွန်ဗင်းရှင်းများကို ချိုးဖောက်ခြင်းဖြစ်ပြီး၊ လက်ခံနိုင် စရာမရှိသည့် အပြင် အာဆီယံ ပဋိညာဉ် စာတမ်းတွင် ထည့်သွင်း ထားသော မူများနှင့်လည်း ကိုက်ညီမှုမရှိပါ။

၃။ အာဆီယံသည် သေဆုံးသူများ၏ ဆွေမျိုးသားချင်းများနှင့် ထိခိုက် ခံစားရသူများ၊ ဘေးဒဏ်သင့် မိသားစုများ ထံသို့ အလေးအနက် ဝမ်းနည်း ကြေကွဲမှု အား ဖော်ပြအပ်ပါသည်။ ဒဏ်ရာရရှိသူများ အမြန်ဆုံး သက်သာ ပျောက်ကင်းကြပါစေကြောင်းလည်း ဆုတောင်း မေတ္တာပို့သပါသည်။

၄။ အာဆီယံသည် ပါဝင်ပတ်သက်သူ အားလုံး အား ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မှုများကို ချက်ချင်း ရပ်တန့်ရန်၊ အရပ်သားများနှင့် အရပ်ဘက် အဆောက်အအုံ များအား ပစ်မှတ်ထား တိုက်ခိုက်မှုများကို ရပ်တန့်ရန်၊ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်၊ အရပ်သားအားလုံးနှင့် အရပ်ဘက် အဆောက်အအုံများ၏ အကာအကွယ်နှင့် လုံခြုံရေးကို အာမခံရန် အတွက် ချက်ခြင်း အရေးယူ ဆောင်ရွက်ပါရန် တိုက်တွန်း အပ်ပါသည်။

၅။ မြန်မာနိုင်ငံတဝန်း တိုးချဲ့ပြီး ပိုမိုကျယ်ပြန့်သော အပစ်အခတ်ရပ်စဲရေး (Expanded and Extended Ceasefire) ကို အပြည့်အဝ အကောင်အထည် ဖော်ရန်အတွက် ၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည့် အာဆီယံ ခေါင်းဆောင်များ၏ မြန်မာနိုင်ငံဆိုင်ရာ အပစ်အခတ် ရပ်စဲရေး တိုးချဲ့ပြီး ပိုမိုကျယ်ပြန့်ရေးဆိုင်ရာ ကြေညာချက် ကို ပြန်လည် အလေးထား တောင်းဆိုပါသည်။

၆။ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရန် အတွက် ငါးချက်ပါ သဘောတူညီချက် (Five-Point Consensus) သည် အဓိက အဖြစ် ဆက်ရှိနေတာကို ထပ်မံ အလေးထား ပြောကြားလိုပါသည်။ မြန်မာပြည်သူများ၏ ဆန္ဒများကို ဖြည့်ဆည်းပေးသည့် အားလုံးပါဝင်သော၊ ရေရှည်တည်မြဲသော ငြိမ်းချမ်းရေး ကို ရရှိစေရန် အတွက် ဘုံ ၅ ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ရန် တိုက်တွန်း ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို အထောက်အကူပြုမည်ဖြစ်ပါသည်။

—————————

THN Public Media

Screenshot

Leave a Reply

Your email address will not be published. Required fields are marked *