THN Public Media Blog သတင်း War ယင်းမာပင်က PDF စခန်းတခုကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ရဲဘော် ၁၃ ဦးကျဆုံးသွားကြောင်း Monywa Revolution သတင်း ထုတ်ပြန်
War

ယင်းမာပင်က PDF စခန်းတခုကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ရဲဘော် ၁၃ ဦးကျဆုံးသွားကြောင်း Monywa Revolution သတင်း ထုတ်ပြန်

ဖေဖေါ်ဝါရီ ၁၃ – ၂၀၂၆

မနေ့ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်း ဆားလင်းကြီး နဲ့ ယင်းမာပင် အစပ်က တော်လှန်ရေးတပ်စခန်းတခုကို စစ်တပ်က Gyrocopter (၃) စီးနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ရဲဘော် ၁၃ ဦး ကျပြီး တခြား ဒဏ်ရာ ရှိသူတွေလည်း ရှိခဲ့တယ်လို့ Monywa Revolution ပေ့ချ် ကနေ သတင်း ထုတ်ပြန်ထားပါတယ်။

ဆားလင်းကြီးမြို့နယ် တခုလုံးမှာ ဆားလင်းကြီးမြို့၊‌ ညောင်ပင်ကြီး၊ လက်ပံ‌တောင်းတောင် စီမံကိန်း‌နေရာတွေမှာသာ စစ်တပ်က စိုးမိုး တပ်ဆွဲထားနိုင်ပြီး ကျန်တဲ့ ကျေးရွာအားလုံးကို PDF ပူးပေါင်း တပ်ဖွဲ့တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

Ref: VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version