THN Public Media Blog သတင်း ပြည်တွင်း ရန်ကုန် သုဝဏ္ဏမှာ စင်ပေါ်ကနေ လိင်ဆက်ဆံဖို့ ညစ်ညမ်း စကားတွေ ပြောဆိုပြီး သီဆို ဖျော်ဖြေ ခဲ့သူတွေကို ဖမ်းဆီး အရေးယူ
ပြည်တွင်း

ရန်ကုန် သုဝဏ္ဏမှာ စင်ပေါ်ကနေ လိင်ဆက်ဆံဖို့ ညစ်ညမ်း စကားတွေ ပြောဆိုပြီး သီဆို ဖျော်ဖြေ ခဲ့သူတွေကို ဖမ်းဆီး အရေးယူ

နိုဝင်ဘာ ၈ – ၂၀၂၅

နိုဝင်ဘာလ ၂ ရက်နေ့ည က ရန်ကုန် သင်္ဃန်းကျွန်း သုဝဏ္ဏ က Eastern Yangon Eventpark မှာ ကျင်းပခဲ့တဲ့ Overflow Music Festival ဖျော်ဖြေပွဲ မှာ အဆိုတော် Wink နဲ့ Bkho Bain တို့ ဦးဆောင်တဲ့ အဖွဲ့ ကနေ စတိတ် စင်ပေါ် ကနေ လိင်ဆက်ဆံဖို့ ညစ်ညမ်းတဲ့ စကားတွေ ပြောဆိုပြီး ကွန်ဒုံး တွေ ကြဲချကာ သီဆိုကခုန် ဖျော်ဖြေခဲ့ကြတဲ့ အတွက် စင်ပေါ်ကနေ သီဆိုသူ ကခုန် သူတွေနဲ့ ပွဲ ဖြစ်မြောက် ရေး စီစဉ်ဆောင်ရွက်ခဲ့ကြ သူတွေကို ဖမ်းဆီး အရေးယူ ထားကြောင်း မနေ့က သတင်း ထုတ်ပြန်ထား ပါတယ်။

အဆိုတော် Wink နဲ့ Bkho Bain တို့အပါအဝင် ၁၃ ဦးနဲ့ ပွဲစီစဉ်သူတွေ ဖြစ်တဲ့ တင်ရတနာသိမ့်၊ ဟန်လင်းထက်နဲ့ အောင်ခန့်မော် တို့ကို သင်္ဃန်းကျွန်း မြို့နယ်၊ သုဝဏ္ဏနယ်မြေ ရဲစခန်းမှာ (ပ)၂၁၃/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ-၅၀၅-က/ ၂၉၄/၁၁၄ အရ အမှုဖွင့်ထားပြီး ဥပဒေ နဲ့ အညီ ထိရောက်စွာ အပြစ်ပေး အရေးယူ နိုင်မယ်လို့ ဖေါ်ပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version