သတင်း

ရုရှား-မြန်မာ နှစ်နိုင်ငံ ရေကြောင်း လုံခြုံရေး လေ့ကျင့်ဖို့ ရုရှား ဖရီးဂိတ် စစ်သင်္ဘော ၃ စီး မြန်မာဆိပ်ကမ်းရောက်ရှိ

နိုဝင်ဘာ ၁၁ – ၂၀၂၅

မြန်မာ နဲ့ ရုရှား နှစ်နိုင်ငံ ရေကြောင်း လုံခြုံရေး ဆိုင်ရာ လေ့ကျင့်ဖို့ အတွက် ရုရှားရေတပ် Pacific Fleet က ဖရီးဂိတ် စစ်သင်္ဘော ၃ စီး ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို မနေ့က ဆိုက်ရောက်လာကြောင်း MRTV က သတင်းထုတ်ပြန်ထားပါတယ်။

စစ်သင်္ဘောတွေနဲ့ အတူ ရောက်ရှိလာတဲ့ ရုရှားရေတပ် ဒုတိယ ရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Aleksei Anatolievich Kiiashko ကို မြန်မာရေတပ်က အရာရှိတွေ နဲ့ အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှား စစ်သံမှူးတို့က ကြိုဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

ခရီးစဉ်အတွင်း ရုရှားရေတပ်က တပ်ဖွဲ့ဝင်တွေဟာ ရန်ကုန်မြို့က အထင်ကရ နေရာတွေကို သွားရောက် လေ့လာ လည်ပတ်တာ၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစား ပြိုင်ပွဲတွေ ပြုလုပ်တာနဲ့ ဆိပ်ကမ်း အခြေပြု လေ့ကျင့်ခန်း (Harbour Phase) တွေ ပြုလုပ်သွားမယ်လို့ ဖေါ်ပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *