THN Public Media Blog သတင်း နိုင်ငံရေး ရုရှား လုံခြုံရေးကောင်စီ အကြီးအကဲ နဲ့ စစ်ကော်မရှင် ဥက္ကဌ တွေ့ဆုံ ဆွေးနွေး၊ မတ်လ တတိယပတ်အတွင်း လွှတ်တော် အစည်းအဝေး ခေါ်မယ်လို့ ဆို
နိုင်ငံရေး ပြည်တွင်း

ရုရှား လုံခြုံရေးကောင်စီ အကြီးအကဲ နဲ့ စစ်ကော်မရှင် ဥက္ကဌ တွေ့ဆုံ ဆွေးနွေး၊ မတ်လ တတိယပတ်အတွင်း လွှတ်တော် အစည်းအဝေး ခေါ်မယ်လို့ ဆို

ဖေဖေါ်ဝါရီ ၄ – ၂၀၂၆

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ Sergey SHOIGU နဲ့ အဖွဲ့ကို စစ်ကော်မရှင် ဥက္ကဌ တို့ မနေ့ ဖေဖေါ်ဝါရီ ၃ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အခြေအနေနဲ့ ရုရှားက လေ့လာစောင့်ကြည့်ရေး စေလွှတ်ခဲ့မှု အပါအဝင် ကျားဖျန့် တိုက်ဖျက်ရေးကိစ္စ ရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မတ်လတတိယပတ်အတွင်း လွှတ်တော်အစည်း အဝေးခေါ်ယူသွားမယ်လို့လည်း စစ်ကော်မရှင် ဥက္ကဌ က ပြောကြားသွားပါတယ်။

ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ Sergey SHOIGU ဟာ စစ်ကော်မရှင် ဝန်ကြီး ဦးတင်အောင်စန်း ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပြီး ဦးတင်အောင်စန်း နဲ့လည်း ဖေဖေါ်ဝါရီ ၂ ရက်နေ့က တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version