ဇန်နဝါရီ ၂၅ – ၂၀၂၅
စစ်တပ်က ဒီကနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ဖြစ်တဲ့ နောက်ဆုံးပိုင်း ဒီကနေ့ ကျင်းပခဲ့ရာ ရန်ကုန်တိုင်း လမ်းမတော် မြို့နယ် ကနေ ပြည်သူ့လွှတ်တော် နေရာအတွက် ဒီကနေ့ ဝင်အရေးခံတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးကိုကိုကြီး ကိုယ်တိုင် မဲပေးခဲ့ပါတယ်။
‘’နိုင်ငံရေးမှာ တပ်မတော်က လွှမ်းမိုးနေတဲ့ ကိစ္စကို ကျွန်တော်တို့ မကြိုက်ဘူး…’’ လို့ မဲလာပေးတဲ့ အချိန် ဦးကိုကိုကြီး က သတင်းထောက် တွေကို ပြောကြားသွားခဲ့ပါတယ်။
အခု တက်လာမယ့် အစိုးရဟာ ၂၀၁၀ ဦးသိန်းစိန် လက်ထက်လို့ မဟုတ်ဘဲ ပဋိပက္ခ အရှိမြင့်တဲ့ အတွက် ဦးစားပး အစီအစဥ် ကွာသွားလိမ့်မယ်လို့ ထင်မြင်ကြောင်းနဲ့ ဒီအတွက် ငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။
တိုင်းပြည်တည်ငြိမ်သွားရင် တပ်မတော် နိုင်ငံရေးမှာ ပါနေတာကို တဖြည်းဖြည်းလျော့ကျသွားအောင် လုပ်မယ်လို့လည်း သူက ပြောကြားသွားခဲ့ပါတယ်။
ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီဟာ ရွေးကောက်ပွဲ ပထမပိုင်းမှာ မြိတ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်မှာတဦးသာ အနိုင်ရထားပြီး ပထမ နဲ့ ဒုတိယ အပိုင်းတွေမှာ PR အနေနဲ့ နေရာ အနည်းငယ် ရထားတယ်လို့ သိရပါတယ်။
—————————
THN Public Media
