THN Public Media Blog သတင်း နိုင်ငံရေး ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်မြေ ၂၀ ထပ်တိုးကြောင်း UEC ကြေညာ
နိုင်ငံရေး

ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်မြေ ၂၀ ထပ်တိုးကြောင်း UEC ကြေညာ

ဒီဇင်ဘာ ၂၇ – ၂၀၂၅

စစ်တပ်က ကျင်းပမယ့် မနက်ဖြန် ဒီဇင်ဘာ ၂၈ စတင်မယ့် ရွေးကောက်ပွဲတွေမှာ နောက်ထပ် မဲဆန္ဒနယ်မြေ ၂၀ မှာ ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲကော်မရှင် UEC က ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၉) ခု ၊ အမျိုးသားလွှတ်တော် (FPTP) ၂ ခုနဲ့ တိုင်း/ပြည်နယ် အတွက် မဲဆန္ဒနယ် (၉) ခုတို့မှာ ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်ကြောင်း နယ်မြေ ဒေသ မြို့နယ်တို့ကို စားရင်းနဲ့ တကွ ထုတ်ပြန်ထားပါတယ်။

မြို့နယ်အားဖြင့် ကြည့်မယ်ဆိုရင် နောက်ထပ် မြို့နယ် ၉ ခုမှာ ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်ကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်မှာ AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေကိုပါ အရင်က ရွေးကောက်ပွဲ လုပ်ဖို့ ထည့်ထားရာမှာ အခုအချိန်အထိ AA က ဆက်လက် ထိန်းချုပ် နိုင်ဆဲ ဖြစ်တာကြောင့် အဲဒီမြို့မယ်တွေကို ပြန်ဖြုတ်လိုက်တာ ဖြစ်ပါတယ်။

အခု ကြေညာတဲ့ ၉ မြို့နယ်ထဲမှာ ရခိုင်အပြင် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက မြို့နယ်တွေပါ ပါဝင်ပါတယ်။

ဒီအတွက် အရင် ၅၆ မြို့နယ်မှာ မကျင်းပနိုင်ရာကနေ အခုတော့ မကျင်းနိုင်တဲ့ မြို့နယ်ဟာ ၆၅ ခု အထိ တိုးလာတာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version