နိုင်ငံရေး ပြည်တွင်း

ရွေးကောက်ပွဲ မဲအရေအတွက် ပြည်ခိုင်ဖြိုးက ပထမ၊ တစည က ဒုတိယနဲ့ ပြည်သူ့ပါတီက တတိယ ရရှိ

ဖေဖေါ်ဝါရီ ၁၀ – ၂၀၂၉

စစ်တပ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ပါတီတွေ အလိုက် ခိုင်လုံမဲ ရရှိမှု အခြေအနေကို UEC က မနေ့က ထုတ်ပြန်ခဲ့ရာ ပြည်ခိုင်ဖြိုးက မဲ ၆ သန်းနီးပါး နဲ့ ပထမ၊ တစည က မဲ ၂ သန်းနီးပါးနဲ့ ဒုတိယ၊ ပြည်သူ့ပါတီက မဲတသန်းကျော် နဲ့ တတိယ ရရှိခဲ့ကြောင်း သိရပါတယ်။

ပီသုံးလုံး ပါတီကတော့ မဲတသန်းကျော်နဲ့ နံပါတ် ၄ နေရာမှာ ရှိခဲ့ပြီး ကျားဖြူပါတီက ၅ နေရာမှာ ရှိပါတယ်။

အနိုင်ရ ကိုယ်စားလှယ်အရေ အတွက်မှာတော့ ပြည်ခိုင်ဖြိုးက ၇၃၉ ဦး၊ တစည က ၆၈ ဦး၊ ကျားဖြူပါတီက ၃၉ ဦး နဲ့ ပြည်သူပါတီက ၃၀ ရရှိခဲ့ကြပါတယ်။

စစ်တပ်ကျင်းပခဲ့တဲ့ ဒီရွေးကောက်ပွဲကို အတိုက်အခံတော်လှန်ရေး အင်အားစုတွေက အတုအယောင် ရွေးကောက်ပွဲအဖြစ် အသိအမှတ်မပြု သပိတ်မှောက်ခဲ့ကြပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *