THN Public Media Blog သတင်း နိုင်ငံရေး ရွေးကောက်ပွဲ ဝင်တဲ့သူတွေကို ထောင် ၃ နှစ်ကနေ ၅ နှစ်အထိ ကျခံစေနိုင်တဲ့ ဥပဒေကို CRPH ပြဌာန်း
နိုင်ငံရေး

ရွေးကောက်ပွဲ ဝင်တဲ့သူတွေကို ထောင် ၃ နှစ်ကနေ ၅ နှစ်အထိ ကျခံစေနိုင်တဲ့ ဥပဒေကို CRPH ပြဌာန်း

ဒီဇင်ဘာ ၅ – ၂၀၂၅

ရွေးကောက်ပွဲ ဝင်တဲ့သူတွေကို ထောင် ၃ နှစ်ကနေ ၅ နှစ်အထိ ဖြစ်စေ ကျပ်သိန်း ၅၀၀ အောက် မနိမ့်တဲ့ ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ကျခံစေနိုင်တဲ့ ဥပဒေ တရပ်ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ကနေ ဒီကနေ့ ပြဌာန်းလိုက်ကြောင်း ထုတ်ပြန်ထား ပါတယ်။

အခန်း ၆ ခန်းပါ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီ အခြေခံ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ လို့ နာမည်ပေးထားတဲ့ ဥပဒေ အရ ကော်မရှင်တရပ်ကိုလည်း ဖွဲ့စည်းလိုက်ပြီး ကော်မရှင်မှာ ဝန်ကြီး တဦးက ဥက္ကဌ အဖြစ်ဆောင်ရွက်ကာ အဖွဲ့ဝင် ၈ ဦးပါဝင်မှာ ဖြစ်ပါတယ်။

ပြစ်ဒဏ်အပိုင်းမှာ ရွေးကောက်ပွဲ ကော်မရှင် ရပ်ကျေး အဆင့် ကနေ ပြည်ထောင်စု အဆင့်ထိ အဆင့်လိုက် ထောင်ဒဏ် ၆ လ ကနေ ၁၀ နှစ် အထိ ကျခံစေဖို့ ဖေါ်ပြထားပြီး ငွေဒဏ်ကတော့ ကျပ်သိန်း ၅၀ ကနေ သိန်း ၅၀၀ အောက် မနိမ့်တဲ့ ဒဏ်ငွေ အဖြစ် ချမှတ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version