စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၂ ကို ရှေ့နှစ် ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ကျင်းပမှာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် က မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
အပိုင်း ၂ မှာ မြို့နယ် ၁၀၀ မှာ ကျင်းပမှာ ဖြစ်ကြောင်းလည်း မြို့နယ် ၁၀၀ စာရင်းကို ပူးတွဲ ထုတ်ပြန်ပေးထားပါတယ်။
အခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာတော့ ရွေးကောက်ပွဲ ပထမပိုင်းကို မြို့နယ့် ၁၀၂ ခုမှာ ကျင်းပဖို့ စီစဥ်ထားပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ ဒီရွေးကောက်ပွဲကို ဆန့်ကျင် ကန့်ကွက်နေပြီး နိုင်ငံတကာကလည်း ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ နဲ့ အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ရေး တိုက်တွန်း နေကြပါတယ်။
—————————
THN Public Media
