THN Public Media Blog သတင်း နိုင်ငံရေး ရွေးကောက်ပွဲ အပိုင်း ၃ ပြီးဆုံး၊ မန္တလေးတိုင်းမှာ မဲပေးသူ ၆၂.၅၉ ရာနှုန်းရှိ
နိုင်ငံရေး

ရွေးကောက်ပွဲ အပိုင်း ၃ ပြီးဆုံး၊ မန္တလေးတိုင်းမှာ မဲပေးသူ ၆၂.၅၉ ရာနှုန်းရှိ

ဇန်နဝါရီ ၂၅ – ၂၀၂၆

စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၃ (နောက်ဆုံးပိုင်း) ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကျင်းပြီးစီးလို့ မဲရုံတွေ ပိတ်သိမ်းပြီး ဆန္ဒမဲ လက်မှတ် တွေနဲ့ ကြိုတင်မဲတွေကို ရေတွက် စိစစ်နေပါပြီ။

အခု နောက်ဆုံးပိုင်းမှာ မန္တလေးတိုင်း ၈ မြို့နယ်က မဲပေးခွင့်ရှိသူ ခြောက်သိန်း သုံးသောင်းကျော် ရှိတဲ့အနက် မဲပေးသူအရေ အတွက် လေးသိန်း နီးပါးရှိတဲ့ အတွက် ၆၂.၅၉ ရာနှုန်း မဲပေးခဲ့တယ်လို့ သိရ ပါတယ်။

ရွေးကောက်ပွဲ ပထမပိုင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက် တစ်နိုင်ငံလုံး ကျင်းပတဲ့ မြို့နယ်(၁၀၂) မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် (၈)မြို့နယ် ကျင်းပခဲ့ပြီး မဲပေးမှု အခြေအနေမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း (၁၃) သိန်း ကျော်၊ မဲလာရောက်ပေးသူ (၈) သိန်း ကျော်ရှိတဲ့ အတွက် မဲပေးမှု % မှာ ၆၂ % ကျော်ရှိပါတယ်။

ဒုတိယပိုင်း – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက် တစ်နိုင်ငံလုံး ကျင်းပတဲ့ မြို့နယ်(၁၀ဝ)မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီးတွင် (၉) မြို့နယ် ကျင်းပ ခဲ့ပြီး မဲပေးပိုင်ခွင့် ရှိသူပေါင်း (၁၀) သိန်းကျော်တွင် မဲလာရောက် ပေးသူ (၇) သိန်း နီးပါးရှိ၍ မဲပေးမှု % မှာ ၆၄% ကျော် ရှိကြောင်း သိရပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version