ထိုင်းမြန်မာနယ်စပ် မြဝတီမြို့အနီး ရွှေကုက္ကိုလ်မြို့သစ်မှာ ကျားဖျန့် နှိမ်နင်းရေး ဝင်ရောက်စီးနင်း ဖမ်းဆီးမှုတွေကို ကရင်နယ်ခြားစောင့်တပ် BGF နဲ့ မြန်မာစစ်တပ် တို့ ပူးပေါင်းပြီး နိုဝင်ဘာ ၁၈ ရက်နေ့မှာ စတင်ခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီမတိုင်ခင် တရက်မှာ BGF ပြောခွင့်ရ ဗိုလ်မှူးကြီး နိုင်မောင်ဇော် က အခု တခေါက် နှိမ်နင်းရေးဟာ နောက်ထပ် ကျားဖျန့် ပေါ်မလာတော့ အောင် အပြီးသတ် ဆောင်ရွက်မှာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောကြားထားတာ ဖြစ်ပါတယ်။
ဒီတော့ အခု ကျားဖျန့်နှိမ်နင်းရေးဟာ တကယ်ပဲ အမြစ်ပြတ်နိုင်မလား ဆိုတာ ထိုင်းအရေးနဲ့ ကျားဖျန့်အရေး ကျွမ်းကျင်သူ ကိုစတီဗင်စန်းယု ကို မေးမြန်း တင်ဆက်ထားပါတယ်။
THN Public Media
