ဇန်နဝါရီ ၂၈ – ၂၀၂၆
ရန်ကုန် ၊ ရွှေပြည်သာမြို့နယ် အ.ထ.က ၁ ကျောင်းမှာ ကျောင်းသား အချင်းချင်း ရန်ဖြစ် စကားများပြီး ထိုးကြိတ်ရာ ကနေ Grade 7 ကျောင်းသား သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံဆီက စုံစမ်းသိရှိရ ပါတယ်။
မနေ့က ဇန်နဝါရီ ၂၇ ရက်နေ့ ၊ နေ့လယ် မုန့်စားကျောင်းဆင်းချိန်မှာ Grade 8 ကျောင်းသားနဲ့ Grade 7 ကျောင်းသားတို့ ကျောင်းဝန်း အတွင်း ရန်ဖြစ်ရင်း ကနေ G7 ကျောင်းသားမှာ လက်သီးနဲ့ ထိုးခံရပြီးနောက် နေရာမှာပဲ လဲကျ သေဆုံးသွားတာ ဖြစ်တယ်လို့ စုံစမ်းသိရှိ ရပါတယ်။
” မနေ့က နေ့လယ်က သတင်းကြားတယ် ။ နည်းနည်းလေး ထပ်အစ် လိုက်တော့မှ ထိုးကြတာလို့ ပြောတယ်။ ပထမ တယောက် အရွယ်မမျှလို့ ဆိုပြီး လူချိန်းပြီး ထိုးခိုင်းတာ။ အဲဒီမှာ လည်ပင်းကိုထိုးမိသွားတယ်။ အထိုးခံရပြီး ကောင်လေးက အကြောတွေကပ် ၊ ဆီးတွေ ထွက်ပြီး ဆုံးသွားတယ်။ ကလေးက နှလုံရောဂါ အခံလည်း ရှိတယ်သိရတယ်။ ” လို့ ဖြစ်စဥ်သိတဲ့ ကျောင်းပတ်ဝန်းကျင်မှာ နေထိုင်သူ ဒေသခံကပြောပါတယ်။
ကျောင်းသား အချင်းချင်း ရန်ဖြစ်ရာကနေ သေဆုံးတဲ့ကလေးမှာ Grade 7 ကျောင်းသားဖြစ်သား မောင်မိုးသူရိန် ဆိုသူဖြစ်ကြောင်း သိရှိရပါတယ်။
” ကိုယ်တွေ မျက်စိရှေ့ တင်ကြီးလာတဲ့ ကလေးလေး။ စိတ်ထဲ မကောင်းဘူး ဗျာ။ သူအမေဆို ငိုနေတုန်းပဲ။ ” လို့ သေဆုံးတဲ့ ကလေးငယ်နဲ့ တရပ်ကွက်တည်း နေထိုင်သူ တယောက်က လူမှု ကွန်ယက်မှာ ရေးသားထားတာ တွေ့ရပါတယ်။
Crd – VOM
—————————
THN Public Media
