နိုင်ငံရေး ပြည်တွင်း

လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပြီး ဆွေးနွေးပွဲ စကားဝိုင်းကို လာကြဖို့ စစ်ကော်မရှင် ဥက္ကဌ ဖိတ်ဖေါ်

ဖေဖေါ်ဝါရီ ၇ – ၂၀၂၆

ဒီကနေ့ ကျရောက်တဲ့ ၇၉ နှစ်မြောက် ရှမ်းပြည်နယ်နေ့မှာ ရှမ်းပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ အကြမ်းဖက်အဖွဲ့တွေ အနေနဲ့ လက်နက်ကိုင်လမ်းစဉ်နဲ့ ဆူပူအကြမ်းဖက်မှုတွေကို ကိုစွန့်လွှတ်ကာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲစကားဝိုင်းသို့ လာရောက်ကြဖို့ စစ်ကော်မရှင် ဥက္ကဌ က ရှမ်းပြည်နယ်နေ့ အတွက် သူ့ရဲ့ သဝဏ်လွှာ ကနေ ဖိတ်ခေါ်လိုက်ပါတယ်။

ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး အတူ ပူးပေါင်း လက်တွဲဆောင်ရွက်သွားကြဖို့ကိုလည်း သူက တိုက်တွန်းထား ပါတယ်။

ဒါ့အပြင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော် တည်ဆောက် ရာမှာ နိုင်ငံတော်၊ တပ်မတော်၊ တိုင်းရင်းသား ပြည်သူ အားလုံးတို့နဲ့ အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်ကြဖို့ကို သဝဏ်လွှာမှာ ဖေါ်ပြထားပါတယ်။

RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ကတော့ တိုင်းပြည်မှာ အခုလို ဖြစ်နေတာဟာ တိုင်းပြည်ခေါင်းဆောင် တဦးတယောက်ရဲ့ အတ္တ မာန လောဘ ကြီးမားမှု တွေကြောင့် လို့ ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ပြဿနာတွေကို ဖြေရှင်းဖို့ ပင်လုံစာချုပ်ကို အကောင်အထည်ဖေါ် ရမယ်လို့ ၇၉ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အတွက် သဝဏ်လွှာ ပေးပို့ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *