THN Public Media Blog ရုပ်သံ လက်နက်ကိုင် ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းကြရမယ်’’ စစ်ကော်မရှင်ဥက္ကဌ မြန်မာ့မျက်နှာစာသစ်ဖိုရမ် ဖွင့်ပွဲ မှာ ပြောကြား
ရုပ်သံ

လက်နက်ကိုင် ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းကြရမယ်’’ စစ်ကော်မရှင်ဥက္ကဌ မြန်မာ့မျက်နှာစာသစ်ဖိုရမ် ဖွင့်ပွဲ မှာ ပြောကြား

မတ်လ ၁၃ – ၂၀၂၆

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ် ဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းမှာ စစ်ကော်မရှင် ဥက္ကဌ က
‘’ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ဆိုတာ… လက်နက်ကိုင် ပဋိပက္ခတွေရဲ့ ဇစ်မြစ်ကိုပါ ဖြေရှင်းနိုင်အောင်… နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းကြ ရမှာ ဖြစ်တယ်’’ လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လယ်ယာနဲ့ မွေးမြူရေး ကဏ္ဏ၊ ပို့ကုန်သွင်းကုန်၊ ပညာရေး၊ အသေးစားအလတ်စား စက်မှုလုပ်ငန်းတွေ အကြောင်း ဘက်စုံ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဖိုရမ်ရဲ့ ရည်ရွယ်ချက်ကတော့ အခု ရွေးကောက်ပွဲ ကနေ တက်လာမယ့် အစိုးရသစ် အတွက် အစီအစဉ် တခုဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ Myanmar Narrative က ဦးဆောင် ကျင်းပတဲ့ ဒီဖိုရမ်ကို စစ်ကော်မရှင် အစိုးရ တာဝန်ရှိသူတွေ လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ နဲ့ ပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီဖိုရမ်ကို မတ်လ ၁၃ ရက်နဲ့ မတ်လ ၁၄ ရက် နှစ်ရက်တာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

THN Public Media

လက်နက်ကိုင် ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းကြရမယ်’’ စစ်ကော်မရှင်ဥက္ကဌ ပြောကြား

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version