THN Public Media Blog သတင်း ပြည်တွင်း လသာမြို့နယ် ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်ခံရမှု လုံခြုံရေးအရ မြို့ထဲမှာ ဆိုင်ကယ်စီးသူတွေကို ဖမ်းဆီး ဖို့လိုအပ်ကြောင်း လသာမြို့နယ် တသီးပုဂ္ဂလ အမတ်လောင်း ဒေါ်စန္ဒာမင်းပြော
ပြည်တွင်း

လသာမြို့နယ် ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်ခံရမှု လုံခြုံရေးအရ မြို့ထဲမှာ ဆိုင်ကယ်စီးသူတွေကို ဖမ်းဆီး ဖို့လိုအပ်ကြောင်း လသာမြို့နယ် တသီးပုဂ္ဂလ အမတ်လောင်း ဒေါ်စန္ဒာမင်းပြော

ဒီဇင်ဘာ ၅ ၊ ၂၀၂၅

သူတို့က ဆိုင်ဖွင့်မလို့ ကားနဲ့လာတာ ကားပေါ်က ချတဲ့အချိန် ဆိုင်ကယ်နဲ့ရောက်လာတယ် ပြောတယ် ဒါဆိုရင် မြို့ထဲမှာဆိုင်ကယ်စီးခွင်ရသူဟာ uniform အပြည့်ဝတ်ထားရမယ် ၂ ယောက်စီးခွင့်မရှိဘူး စီးတာတွေ့ရင် ဖမ်းရမယ်

ရန်ကုန်တိုင်း လသာမြို့နယ်က ‘’ရွှေဇင်ရွှေဆိုင်”ကို ဒီကနေ့ မနက်ပိုင်းက ဆိုင်ကယ်နဲ့ လူ ၃ ယောက် လာပြီး ဓါးပြတိုက်ခဲ့မှု ပတ်သက်ပြီး လုံခြုံရေးအရ မြို့ထဲမှာ ဆိုင်ကယ်စီးသူတွေကို ဖမ်းဆီးရမယ်လို့ လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက ပြောကြား ပါတယ်။

‘’ သူတို့က ဆိုင်ဖွင့်မလို့ ကားနဲ့လာတာ ကားပေါ်က ချတဲ့ အချိန် ဆိုင်ကယ်နဲ့ရောက်လာတယ် ပြောတယ် ဒါဆိုရင် မြို့ထဲမှာဆိုင်ကယ်စီးခွင်ရသူဟာ uniform အပြည့်ဝတ်ထားရမယ် ၂ ယောက်စီးခွင့်မရှိဘူး စီးတာ တွေ့ရင် ဖမ်းရမယ်’’ လို့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက ပြောသွားတာပါ။

ဒီဓားပြတိုက်မှုမှာ ရွှေထည်ပစ္စည်းတွေ နဲ့ ငွေသား ကျပ်သိန်း တထောင်လောက် ပါသွားတယ်လို့ သိရပါတယ်။

မနက်ပိုင်း ၉ နာရီလောက်မှာ ရွှေဆိုင်ဖွင့်ဖို့ အတွက် ကားပေါ်ကနေ ရွှေထည်ပစ္စည်းထုတ်တွေ ချနေချိန် အမည်မသိ သေနတ်ကိုင်ထားတဲ့ အမျိုးသား နှစ်ယောက် ရောက်ရှိလာပြီး သေနတ်ပြ ခြိမ်းခြောက် ကာ ပစ္စည်းနဲ့ ငွေသားကို လုယက်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

“မြို့ထဲက ဆိုင်ကယ်စီးခွင့်မရှိတဲ့ နေရာမှာ မနက်အစော ဆိုင်ကယ်နဲ့ လာလုယက်တာဆိုတော့ ဖမ်းမိမယ့် အခြေအနေတော့ များမယ်ထင်တယ်။ တစီးတည်းကို သုံးယောက်လာတာမှာ တယောက်က ဆိုင်ကယ်နဲ့ စောင့်နေပြီး ကျန်နှစ်ယောက်က ဝင်လုတဲ့ပုံစံမျိုးပါ ။ ဒီရွှေဆိုင်က ဒီအချိန် လာပြီး ဆိုင်ဖွင့် နေကြဆို တာကို သိလို့သာ ခုလိုအချိန်အတိအကျနဲ့ လုသွားတာပေါ့။ ” လို့ မြို့ခံတယောက်က ပြောပါတယ်။

လက်ရှိမှာ CCTV မှတ်တမ်းကို ရဲက စစ်ဆေးနေပြီး ကျူးလွန်သူတွေ ထွက်ပြေးသွားတဲ့ လမ်းကြောင်းကို ရှာဖွေ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ် ။

အခုအချိန် အထိတော့ ရွှေဆိုင် ဓားပြတိုက် လုယက်သူတွေကို ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ဓာတ်ပုံ – Cj

Ref: VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version