ကွယ်လွန်သူ လူရွှင်တော် ညောင်ညောင် (ခ) ဦးညီညီလှိုင် ရုပ်ကလပ် ကို ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန် ရေဝေးသုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။
အသက် ၆၃ နှစ်အရွယ် ညောင်ညောင် (ခ) ဦးညီညီ ဟာ ပန်ကရိယ ကင်ဆာ နဲ့ မြောက်ဥက္ကလာ က OSC ဆေးရုံမှာ တက်ရောက် ကုသနေရင်း ဒီဇင်ဘာ ၁၇ ရက်နေ့က ကွယ်လွန်သွားခဲ့တာ ဖြစ်ပါ တယ်။
မကွယ်လွန်ခင် ပင်းတယမှာ ရုပ်ရှင်ရိုက်ကူးနေရင်း နေမကောင်းဖြစ်လာလို့ ရန်ကုန်ကို အရေးပေါ်ကားနဲ့ ပို့ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနှစ်ကျော် ကာလ တုန်းကလည်း အသည်းရောဂါနဲ့ ဆေးကုသမှု ခံယူနေရပြီး မကြာခင် ကမှ ပြန်လည် သက်သာလို့ ရုပ်ရှင် အနုပညာတွေ ပြန်လုပ်တော့မယ်လို့ သူကိုယ်တိုင် ပြောနေခဲ့တာ ဖြစ်ပါတယ်။
အခုတော့ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ညောင်ညောင် (ခ) ဦးညီညီ မှာ ဇနီး။ သမီးနဲ့ မြေးတို့ ကျန်ရစ်ခဲ့ကြောင်း သိရပါတယ်။
ဓါတ်ပုံ – နာရေးကူညီမှုအသင်း – ရန်ကုန်
—————————
THN Public Media
