မေလ ၃၀ – ၂၀၂၆
တော်လှန်ရေး လိုအပ်ချက် နဲ့ လူ့ဘောင်သစ်လူငယ် လိုအပ်ချက် အရ မေလ ၂၇ နဲ့ ၂၈ မှာ လူ့ဘောင်သစ် လူငယ် တတိယအကြိမ် စုံညီ အစည်းအဝေး ကို အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ခဲ့ကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။
စုံညီအစည်းအဝေး ကနေ ရှေ့လုပ်ငန်းစဥ် ပြင်ဆင် ဖြည့်စွက် အတည်ပြု နိုင်ခဲ့ သလို ဗဟိုစည်းရုံးရေး ကော်မတီသစ်ကို ရွေးချယ်တင် မြှောက်ကာ ဗဟိုလုပ်ငန်း ကော်မတီကို တာဝန်ပေး အားသစ်လောင်းခဲ့ တယ်လို့ ဖေါ်ပြထား ပါတယ်။
လူ့ဘောင်သစ်လူငယ် အနေနဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို တိုက်ဖျက်ဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထား ပါတယ်။
crd – YNS
—————————
THN Public Media
