THN Public Media Blog သတင်း ပြည်တွင်း လွိုင်ကော်တက္ကသိုလ်ကို လုံခြုံရေးအပြည့်နဲ့ ပြန်ဖွင့်
ပြည်တွင်း

လွိုင်ကော်တက္ကသိုလ်ကို လုံခြုံရေးအပြည့်နဲ့ ပြန်ဖွင့်

အောက်တိုဘာ ၁၄ ၊ ၂၀၂၅

နှစ်နှစ်နီးပါး ပိတ်ထားခဲ့ရတဲ့ လွိုင်ကော် တက္ကသိုလ်ကို လုံခြုံရေး အပြည့်အဝ ချကာ အောက်တိုဘာ ၁၃ ရက်နေ့က စပြီး ပြန်လည်ဖွင့်လှစ်ကာ အဝေးသင် ဒုတိယသုတ် ကျောင်းသားတွေကို အနီးကပ်သင်တန်း စတင် သင်ကြားပို့ချနေပြီဖြစ်တယ်လို့သိရပါတယ်။

လွိုင်ကော်တက္ကသိုလ် ဝန်းနဲ့ အပြင်ဘက် တလျှောက်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လုံခြုံရေး ရယူပေးထားတာ ဖြစ်ကြောင်း ဒေသခံတွေပြောပြချက်အရသိရပါတယ်။

”တက္ကသိုလ်ကမနေ့က စဖွင့်တယ်။ အရင်ရက်က ဝန်ကြီးချုပ်လည်း လာသွားပြီး လိုအပ်တာတွေ လုပ်ပေးမယ်လို့ သိရတယ်။ တက္ကသိုလ်ဘက်မှာ လုံခြုံရေးတွေ ချပေးထားတယ်။ အရင်ကလည်း ကျောင်းဝန်းထဲမှာ တပ်နဲ့ရဲကတော့ ရှိတယ်။ အခုက အင်အား ဘယ်လောက်ချထားတယ် ဘာညာတော့ အတိအကျ မသိရပါဘူး။ တက္ကသိုလ်အနီးက လမ်းတွေထဲမှာလည်း ရဲကင်းတွေရှိတယ်။ ကျောင်းသား တော်တော်များများ တက်တာတွေ့ရတယ်။ မတက်မနေရ ဆိုတော့ အကုန်တက်ရတာပေါ့။” လို့ ဒေသခံက ပြောပါတယ်။

လွိုင်ကော်တက္ကသိုလ်ပိတ်ထားချိန်မှာ အဝေးသင် ကျောင်းသူကျောင်းသားတွေက တောင်ကြီး တက္ကသိုလ်မှာ ပြောင်းရွှေ့ တက်ရောက်နေကြရတာဖြစ်ပြီး အနီးကပ် သင်တန်းနဲ့ စာမေးပွဲ ဖြေဆိုရမယ့် ကာလ နီးကပ်ချိန်မှာ တက္ကသိုလ် ပြောင်းလဲဖြေဆိုဖို့ စာထုတ်လာတာကြောင့် ကျူရှင်ကို တောင်ကြီးမှာ တက်ရောက်မှု ရှိတဲ့ ကျောင်းသားတွေ အတွက် အခက်အခဲဖြစ်ခဲ့ရတယ်လို့သိရပါတယ်။

” အခုက မဖြစ်မနေဆိုတော့ တောင်ကြီးမှာတက်ဖို့ လုပ်ထားသူ အားလုံး ဒီမှာပြန်တက်ရတာ ပေါ့။ တချို့က တောင်ကြီးမှာပဲ ကျူရှင်တွေ တက်ကြတာ ရှိတယ်ဆိုတော့ နည်းနည်း အခက်တွေ့ကြတာပေါ့။ စာမေးပွဲနားနီးရင် ကျူရှင်တွေက အနီးကပ် ထပ်ပြကြတာ ရှိတယ်မလား။” လို့ လွိုင်ကော် ဒေသခံက ပြောပါတယ်။

လက်ရှိ လွိုင်ကော်တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်နဲ့ ဒုတိယပါမောက္ခချုပ် ကတော့ လူသစ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အရင် ပါချုပ်အဟောင်း ဦးအောင်ခင်မြင့်နဲ့ ဒုတိယပါ မောက္ခချုပ်က ဒေါ်သီတာ တို့ကတော့ KNDF က ဖမ်းဆီးသွားပြီး နောက်ပိုင်းမှာ ပြန်လွတ်လာခဲ့ပါတယ်။

Crd – VOM

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version