EDUCATION

နိုင်ငံရေး

NUG ပညာရေးဝန်ကြီးသစ် ဂျာထွယ်ပန်ကို ခန့်အပ်မှုအပေါ် ပညာရေးဘုတ်အဖွဲ့များကောင်စီ ပြင်းထန်စွာကန့်ကွက်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် က ခန့်အပ်မှုအပေါ် ကြိုဆိုထောက်ခံ

ဒီဇင်ဘာ ၁၂ – ၂၀၂၅ ပြုပြင်ပြောင်းလဲရေး လုပ်လိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာ ပညာရေးဝန်ကြီး အသစ် အဖြစ် ဂျာထွယ်ပန် ကို ခန့်အပ်လိုက်မှု အပေါ် ပညာရေးဘုတ်အဖွဲ့များကောင်စီ CBBE က ပြင်းထန်စွာ ကန့်ကွက်လိုက်ပေမယ့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ပညာရေးဝန်ကြီးဌာန ကတော့ ဂျာထွယ်ပန် ကို ခန့်အပ်လိုက်မှု အပေါ် ကြိုဆို ထောက်ခံကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့က သဘောထား အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။ ပညာရေးဘုတ်အဖွဲ့များကောင်စီ CBBE က ထောက်ပြတာကတော့ ၁။ သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းများ၏ သဘောထားကို လစ်လျူရှုခြင်း ၂။ အရည်အချင်းနှင့် ဦးဆောင်နိုင်မှု လိုအပ်ချက်ရှိနေခြင်း ၃။ လူထုနှင့် ပညာရေးမိသားစု၏ ထောက်ခံမှု မရှိခြင်း စတဲ့အချက်တွေကြောင့်

Read More
ပြည်တွင်း

လွိုင်ကော်တက္ကသိုလ်ကို လုံခြုံရေးအပြည့်နဲ့ ပြန်ဖွင့်

အောက်တိုဘာ ၁၄ ၊ ၂၀၂၅ နှစ်နှစ်နီးပါး ပိတ်ထားခဲ့ရတဲ့ လွိုင်ကော် တက္ကသိုလ်ကို လုံခြုံရေး အပြည့်အဝ ချကာ အောက်တိုဘာ ၁၃ ရက်နေ့က စပြီး ပြန်လည်ဖွင့်လှစ်ကာ အဝေးသင် ဒုတိယသုတ် ကျောင်းသားတွေကို အနီးကပ်သင်တန်း စတင် သင်ကြားပို့ချနေပြီဖြစ်တယ်လို့သိရပါတယ်။ လွိုင်ကော်တက္ကသိုလ် ဝန်းနဲ့ အပြင်ဘက် တလျှောက်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လုံခြုံရေး ရယူပေးထားတာ ဖြစ်ကြောင်း ဒေသခံတွေပြောပြချက်အရသိရပါတယ်။ ”တက္ကသိုလ်ကမနေ့က စဖွင့်တယ်။ အရင်ရက်က ဝန်ကြီးချုပ်လည်း လာသွားပြီး လိုအပ်တာတွေ လုပ်ပေးမယ်လို့ သိရတယ်။ တက္ကသိုလ်ဘက်မှာ လုံခြုံရေးတွေ ချပေးထားတယ်။ အရင်ကလည်း ကျောင်းဝန်းထဲမှာ တပ်နဲ့ရဲကတော့ ရှိတယ်။ အခုက အင်အား ဘယ်လောက်ချထားတယ် ဘာညာတော့ အတိအကျ မသိရပါဘူး။ တက္ကသိုလ်အနီးက လမ်းတွေထဲမှာလည်း

Read More