မတ်လ ၁၆ – ၂၀၂၆
CRPH က ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ၉ ကြိမ်မြောက် အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလ က လွှတ်တော်ကို တော်လှန်ရေးပုံစံ ပုံဖေါ်ကြဖို့ တိုက်တွန်း ပြောကြားသွားပါတယ်။
အကြောင်းကတော့ လွှတ်တော်အမတ်မင်းတွေဟာ အခြေအနေအရ တချို့ ပြည်ပမှာ၊ တချို့ နယ်စပ်ဒေသမှာ၊ တချို့ ပြည်တွင်းမှာ ဖြစ်တဲ့ အတွက် တော်လှန်ရေး ကာလနဲ့ သင့်တော် အပ်စပ်တဲ့ လွှတ်တော်မျိုးကို ပိုမို ဖော်ဆောင် လာနိုင်ဖို့ လိုအပ်ကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
အခုအချိန်မှာ ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ ဖြစ်လာရေး အတွက် ERO တွေနဲ့ အတူ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက အတုအယောင်လွှတ်တော် ကို တန်ပြန် တုံ့ပြန်နိုင်ဖို့ အထူး လိုအပ်ကြောင်းလည်း ယာယီသမ္မတက ပြောကြားသွားပါတယ်။
—————————
THN Public Media
