THN Public Media Blog သတင်း War လွှတ်တော်ဖျက်သိမ်းလိုက်ပေမယ့် လက်ရှိ ထိုင်း ကြားဖြတ်အစိုးရ အပြည့်အဝ အာဏာ ရှိဆဲဖြစ်၊ ထရမ့်က ထိုင်း ကမ္ဘောဒီးယား နဲ့ စကားပြောမယ်
War

လွှတ်တော်ဖျက်သိမ်းလိုက်ပေမယ့် လက်ရှိ ထိုင်း ကြားဖြတ်အစိုးရ အပြည့်အဝ အာဏာ ရှိဆဲဖြစ်၊ ထရမ့်က ထိုင်း ကမ္ဘောဒီးယား နဲ့ စကားပြောမယ်

(From L t R) Malaysia's Prime Minister Anwar Ibrahim applauds as Cambodia's Prime Minister Hun Manet, Thailand's Prime Minister Anutin Charnvirakul and US President Donald Trump hold up documents during the ceremonial signing of a ceasefire agreement between Thailand and Cambodia on the sidelines of the 47th Association of Southeast Asian Nations (ASEAN) Summit in Kuala Lumpur on October 26, 2025. (Photo by MOHD RASFAN / POOL / AFP) (Photo by MOHD RASFAN/POOL/AFP via Getty Images)

ဒီဇင်ဘာ ၁၂ – ၂၀၂၅

လက်ရှိ ထိုင်းနိုင်ငံမှာ လွှတ်တော် ဖျက်သိမ်းပြီးနောက် ရွေးကောက်ပွဲ ကာလကို ဝင်ရောက်လာချိန် ကြားဖြတ်ဝန်ကြီးချုပ် အနုတင် (Anutin Charnvirakul) က သူတို့ အစိုးရ အနေနဲ့ အာဏာ အပြည့်အဝ ဆက်လက် ထိန်းသိမ်းတာဖြစ်လို့ အမျိုးသား လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ နဲ့ ကမ္ဘောဒီးယားနယ်စပ် စစ်ဆင်ရေး တွေကို ထိခိုက်မှု မရှိစေနိုင်ကြောင်း အခိုင်အမာ ပြောကြားလိုက်ပါတယ်။

ထိုင်းစစ်တပ် ကလည်း ဝန်ကြီးချုပ် အနုတင်က ကြားဖြတ်အစိုးရ ဟာ တချို့ ချွင်းချက်တွေက လွဲလို့ အာဏာ အပြည့်အဝ ရှိကြောင်း သဘောထား ပေးထား ပါတယ်။

ဝန်ကြီးချုပ် အနုတင်က ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၈ ရက် မတိုင်ခင် ကျင်းပနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

သောကြာနေ့ညနှောင်းပိုင်းမှာ ဝန်ကြီးချုပ် အနုတင် ဟာ ကမ္ဘောဒီးယား ပဋိပက္ခ နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ တယ်လီဖုန်းနဲ့ စကားပြောဖို့ ရှိပါတယ်။

ထရမ့်ဟာ သောကြောညမှာပဲ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန် မာနက် နဲ့ လည်း စကားပြောဖို့ စီစဥ်ထားပြီဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ထရမ့်ရဲ့ ရှေ့မှာ နှစ်နိုင်ငံ အပစ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်ကို နှစ်ဘက်စလုံး ပြန်လည်လိုက်နာစေဖို့ ထရမ့်က ဖိအားပေးသွားမှာ ဖြစ်ပါတယ်။

တချို့နိုင်ငံရေး လေ့လာသူတွေက တော့ တိုက်ပွဲတွေ ကြာလာမယ်ဆိုရင် ကြားဖြတ်အစိုးရ သက်တမ်းလည်း ရှည်ကြာလာနိုင်ကြောင်း ထင်ကြေး ပေးနေပေမယ့် အနုတင်က သူ့ အစိုးရ အနေနဲ့ ရွေးကောက်ပွဲကို ကိုယ့်သဘောနဲ့ ကိုယ် လုပ်လို့ မရနိုင်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။

ဥပဒေအရ အောက်လွှတ်တော် ဖျက်သိမ်းပြီးနောက် ရက်ပေါင်း ၄၅ ရက် ကနေ ရက် ၆၀ အတွင်း အထွေထွေရွေးကောက်ပွဲတွေ ကျင်းပရမှာ ဖြစ်ပါတယ်။

ထိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ Narong Klannawarint ရဲ့ ပြောကြားချက်အရ၊ ရွေးကောက်ပွဲ ကျင်းပမယ့်ရက် အတွက် တနင်္လာနေ့ နဲ့ အင်္ဂါနေ့တို့မှာ အစည်းအဝေး ကျင်းပမှာ ဖြစ်ပြီး ရှေ့နှစ် ဖေဖော်ဝါရီ ၈ ရက် ကို မဲပေးရမယ့်နေ့ အဖြစ် သတ်မှတ်ဖို့ ဖြစ်နိုင်ခြေ များတယ်လို့ ဆိုပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version