THN Public Media Blog သတင်း War ဝက်လက် နဲ့ စဥ့်ကူးမြို့နယ် လေကြောင်း တိုက်ခိုက်မှု ၇ ဦး သေဆုံး၊ ၁၆ ဦး ထိခိုက်ဒဏ်ရာရ
War

ဝက်လက် နဲ့ စဥ့်ကူးမြို့နယ် လေကြောင်း တိုက်ခိုက်မှု ၇ ဦး သေဆုံး၊ ၁၆ ဦး ထိခိုက်ဒဏ်ရာရ

ဒီဇင်ဘာ ၁၄ – ၂၀၂၅

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် နဲ့ မန္တလေးတိုင်းထဲက စဥ့်ကူးမြို့နယ်တွေ မှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၇ ဦး’ သေဆုံးကာ ထိခိုက် ဒဏ်ရာရသူ ၁၆ ယောက် လောက် အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ်ထဲက ထုံးဘိုရွာ တောင်ဘက် သန်းကုန်းတောတိုက် အနီးကို ဒီဇင်ဘာ ၁၃ ရက်နေ့ ည ၉ နာရီကျော် လောက်မှာ လေကြောင်း တိုက်ခိုက် ခံခဲ့ရတာဖြစ်ပြီး သေဆုံးသူ ငါးယောက် ရှိခဲ့ကာ ထိခိုက် ဒဏ်ရာရသူ ၁၅ ယောက်လောက် ရှိတယ်လို့ သိရပါတယ် ။

“သေဆုံး ငါးယောက်ရှိတယ်။ထိခိုက်ဒဏ်ရာရ ၁၅ ယောက်ရှိမယ် ။ အိမ်ရှစ်လုံးလောက် ပျက်စီးသွားတယ် ။ ” လို့ စစ်ရှောင်အရေး ကူညီသူက ပြောပါတယ်။

လေကြောင်း တိုက်ခိုက် ခံရတဲ့ နေရာတွေဟာ PDF တွေ စိုးမိုးနယ်မြေတွေ ဖြစ်ပြီး ထိခိုက် ဒဏ်ရာရ ရှိသူတွေနဲ့ သေဆုံးသူတွေ ထဲမှာတော့ အမျိုး သမီး တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

စဥ့်ကူးမြို့နယ် ၊ လက်ပံလှ ရွာမှာလည်း ဒီဇင်ဘာ ၁၃ ရက်နေ့ ည ၆ နာရီ ကျော်လောက်မှာ ဒရုန်းဗုံး တိုက်ခိုက်ခံခဲ့ရပြီး အမျိုးသား နှစ်ယောက် သေဆုံးကာ နောက်ထပ် တယောက် ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ စဥ့်ကူးမြို့နယ်ကို စစ်တပ်က မြေပြင်စစ်ကြောင်း ၊ လေကြောင်း အပါအဝင် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မြေပြင်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားမှု ရှိနေတယ်လို့ သိရပါတယ်။

စဥ့်ကူးမြို့နယ်က လက်ရှိမှာ PDF တပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတခု ဖြစ်တာကြောင့် အစိုးရတပ်တွေက နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေး အတွက် ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version