War နိုင်ငံရေး

သဖန်းဆိပ် ရွှေမျောလုပ်ကွက် လေကြောင်း တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

မတ် ၁၆ – ၂၀၂၆

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ရှိ ရွှေမျောလုပ်ကွက် တွေမှာ မနေ့ မတ် ၁၅ ရက်၊ မွန်းလွဲ ၃ နာရီဝန်းကျင်က လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အလုပ်သမား အများအပြား ထိခိုက် သေဆုံး ခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။

“သေဆုံး များနိုင်တယ်။ ဘာလို့လဲဆို လေကြောင်းတိုက်ခိုက်မှု ဖြစ်တဲ့ အချိန်မှာ ဖောင်တွေမှာ လူအုပ်လိုက်ကြီး ရှိနေတာ။ ရေထဲကျပြီး ပျောက်ဆုံး နေတဲ့သူတွေလည်း ရှိတော့ ကျွန်တော်တို့လည်း အရေအတွက် အတိအကျ မသိရသေးဘူး။ ရှာဖွေရေးတွေ လုပ်နေရတုန်းပါပဲ” လို့ ဒေသခံ တယောက်က ပြောပါတယ်။

အစိုးရတပ်က တိုက်လေယာဉ် နှစ်စင်းနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ သိရပြီး သဖန်းဆိပ်ဆည်ရဲ့ ကောလင်းနယ်ဘက်အခြမ်း၊ ဂေါင်းဖြူကျေးရွာဝန်းကျင်မှာ ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“လေကြောင်းတိုက်ခိုက်မှု ဖြစ်ပြီးတဲ့အချိန် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ လည်းရှိတယ်။ ရွှေမျောဖောင်တွေလည်း တော်တော်များများ လည်း ပျက်စီးကုန်တယ်။ ခုချိန်ထိ ရုပ်အလောင်း သုံးလောင်းပဲ ရှာတွေ့ သေးတယ်” လို့ သူက ပြောပါတယ်။

အဲဒီ သဖန်းဆိပ်ဆည်မှာ လေကြောင်း တိုက်ခိုက်မှုတွေ မကြာခဏ ဆိုသလို ဖြစ်ပွားလျက်ရှိရာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ကလည်း လေကြောင်း တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *