နိုင်ငံတကာ

သမ္မတထရမ့်ကို သမ္မတရှီကျင်ပင်း ဂုဏ်ပြု တပ်ဖွဲ့နဲ့ ကြိုဆို၊ မကြာခင် ထိပ်သီးအစည်းအဝေး စမယ်

US President Donald Trump (R) and China’s President Xi Jinping inspect a guard of honour during a welcome ceremony at the Great Hall of the People in Beijing on May 14, 2026. (Photo by Brendan SMIALOWSKI / AFP via Getty Images

မေလ ၁၄ – ၂၀၂၆

ဒေါ်နယ်ထရမ့်နဲ့ ရှီကျင်ပင်း တို့ဟာ ပေကျင်းမြို့မှာ တွေ့ဆုံခဲ့ကြပြီး၊ Great Hall ပြည်သူ့ခမ်းမဆောင်ကြီး အပြင်ဘက်က ကော်ဇောနီပေါ်မှာ လက်ဆွဲ နှုတ်ဆက်ကာ အရေးပါတဲ့ ဆွေးနွေးပွဲတွေပြုလုပ်ဖို့ ခမ်းမအတွင်းကို ဝင်ရောက် သွားခဲ့ကြပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ ဒီနေ့ညနေပိုင်းမှာ ကျင်းပမယ့် နိုင်ငံတော် အဆင့် တည်ခင်း ဧည့်ခံပွဲကိုလည်း တက်ရောက်ဖို့ ရှိနေပါတယ်။

မဟာအင်အားကြီး နှစ်နိုင်ငံကြား ဆွေးနွေးမယ့် အစီအစဉ်တွေ ထဲမှာတော့ အခွန်စည်းကြပ်မှုတွေ၊ နည်းပညာဆိုင်ရာ ပြိုင်ဆိုင်မှုတွေ၊ အီရန်စစ်ပွဲနဲ့ ထိုင်ဝမ် အရေးကိစ္စတွေ ပါဝင်နေပါတယ်။

ထရမ့်နဲ့အတူ Tesla ရဲ့ အီလွန်မတ်စ်နဲ့ Nvidia ရဲ့ ဂျန်ဆင်ဟွမ် အပါအဝင် နည်းပညာ လောကက အကြီးအကဲတွေလည်း လိုက်ပါလာပါတယ်။

ဘေကျင်းကို မရောက်ခင်မှာပဲ သမ္မတ ထရမ့်က အမေရိကန် စက်မှု လုပ်ငန်းရှင်တွေ အတွက် တရုတ်နိုင်ငံက လမ်းဖွင့်ပေးဖို့ တောင်းဆို သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က နောက်ဆုံး အကြိမ် လာရောက်ခဲ့တဲ့ ထရမ့်ဟာ အခုတခေါက် မှာတော့ အရင်ကထက် ပိုမို အင်အား တောင့်တင်းလာပြီး မိမိကိုယ်ကိုယ် တည်ငြိမ်တဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ် ပုံဖော်ဖို့ ပိုမို အားသန်နေတဲ့ တရုတ်နိုင်ငံ ဆီကို ပြန်လည် ရောက်ရှိလာတာ ဖြစ်ပါတယ်။

တကယ်တော့ ဒီခရီးစဉ်ကို ပြီးခဲ့တဲ့ မတ်လ ကတည်းက လာရောက်ဖို့ မူလက စီစဉ်ထားတာ ဖြစ်ပေမဲ့ အီရန်စစ်ပွဲကြောင့် အချိန်ကြန့်ကြာ သွားခဲ့ရတာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *