စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီး အကျဥ်းချ ခံခဲ့ရတဲ့ သမ္မတ ဦးဝင်းမြင့်ဟာ ၅ နှစ်ကျော်ကြာချိန်မှာတော့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ် လာပြီ ဖြစ်ပါတယ်။
စစ်တပ်က ရွေးကောက်ပွဲ ကျင်းပပြီး သမ္မတ အဖြစ်တင်မြှောက်လိုက်တဲ့ ဦးမင်းအောင်လှိုင်က လွတ်ငြိမ်းခွင့် ပေးလိုက်တာ ဖြစ်ပြီး အခုဖြစ်စဥ်ဟာ
ဖြေလျော့မှုတခုလား
စေ့စပ်ဆွေးနွေး အဖြေရှာရေး ဖြစ်ပေါ်လာမလား
ဒေါ်အောင်ဆန်းစုကြည်ရော လွတ်မြောက်နိုင်မလား
အန်ယူဂျီ ဘာဆက်လုပ်မလဲ စတဲ့ အခြေအနေတွေ အပေါ် တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကို မေးမြန်းတင်ဆက်ထားပါတယ်။
THN Public Media
