နိုင်ငံတကာ

သမ္မတ ထရမ့်ကို မာချာဒို ပေးအပ်ခဲ့တဲ့ နိုဗလ်ဆု နဲ့ အတူ ဘာတွေရေးထားလဲ

ဇန်နဝါရီ ၁၇ – ၂၀၂၆

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုဟာ အိမ်ဖြူတော်မှာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံစဉ်အတွင်း သူမရဲ့ နိုဗယ်ငြိမ်းချမ်းရေးဆု တံဆိပ်ကို ထရမ့်ကို ပေးအပ်ခဲ့ ပါတယ်။

နိုဗယ်ငြိမ်းချမ်းရေး ဆုတံတပ်ကို သစ်သားဘောင်ကြီး တခုမှာ ထည့်ထားပြီ ဘာကြောင့် သမ္မတ ထရမ့်ကို အခုလို ပေးအပ်ရတယ်ဆိုတာကို သစ်သားဘောင်ထဲမှာ အောက်ပါအတိုင်း စာရေးသား ဖေါ်ပြထားပါတယ်။

‘’သို့… သမ္မတ ဒေါ်နယ် ဂျေ ထရမ့်

အင်အားကို အခြေခံပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာလည်းကောင်း၊ သံတမန်ရေးရာကို တိုးမြှင့်ရာမှာ လည်းကောင်း၊ လွတ်လပ်မှုနဲ့ သာယာဝပြောမှုကို ကာကွယ်စောင့်ရှောက်ရာမှာ လည်းကောင်း ထူးကဲပြောင်မြောက်တဲ့ ခေါင်းဆောင်မှု ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပြီး

ဗင်နီဇွဲလား ပြည်သူတွေကိုယ်စား ကျွန်မရဲ့ တကိုယ်ရည် ကျေးဇူးတင်မှုကို ဖော်ပြတဲ့ အထိမ်းအမှတ်အဖြစ် ပေးအပ်တာ ဖြစ်ပါတယ်။ လွတ်လပ်တဲ့ ဗင်နီဇွဲလားနိုင်ငံ ဖြစ်လာစေဖို့ အတွက် သမ္မတထရမ့်ရဲ့ မူဝါဒခိုင်မာပြီး ပြတ်သားတဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံနဲ့ သမ္မတ ဒေါ်နယ် ဂျေ ထရမ့်ရဲ့ ရဲစွမ်းသတ္တိကို ဗင်နီဇွဲလား ပြည်သူတွေဟာ ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်ပါဘူး။’’ လို့ ရေးသားထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *