THN Public Media Blog သတင်း ပြည်တွင်း သမ္မတ ဦးဝင်မြင့် လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်
ပြည်တွင်း

သမ္မတ ဦးဝင်မြင့် လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်

ဧပြီ ၁၇ – ၂၀၂၆ (မြန်မာနှစ်ဆန်းတရက်နေ့)

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီး အကျဥ်းချ ခံခဲ့ရတဲ့ သမ္မတ ဦးဝင်းမြင့်ဟာ ၅ နှစ်ကျော်အကြာ ဒီကနေ့မှာတော့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

အခု စစ်တပ်က ပြုလုပ်တဲ့ရွေးကောက်ပွဲ ကနေ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်က က ခံဝန်နဲ့ လွတ်ငြိမ်းခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

ဦးဝင်းမြင့်အတွက် သီးသန့် ထုတ်ပြန်တဲ့ လွတ်ငြိမ်းခွင့်ထဲမှာ နှစ်သစ်ကူးအထိမ်းအမှတ်၊ ပြည်သူလူထုစိတ်အေးချမ်းစေဖို့ နဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာပါဝင်စေနိုင်ဖို့ ဆိုပြီး ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ခံဝန်ဖြစ်တဲ့ ပုဒ်မ ၄၀၁/ခ အရ နောက်တခါပြစ်မှုကျူးလွန်ရင် အခု လွတ်ငြိမ်းခွင့်ပြုခဲ့တဲ့ အပြစ်တွေကိုလည် ပြန်လည် ကျခံရမယ်လို့ လည်း ပါရှိပါတယ်။

ဦးဝင်းမြင့် ကတော့ ခံဝန်ကို လက်မှတ်ထိုးခြင်းမရှိဘဲ တာဝန်ရှိ ဒုဝန်ကြီးက ဖတ်ပြရုံသာ ဖတ်ပြခဲ့တယ်လို့ သိရပါတယ်။

သမ္မတ ဦးဝင်းမြင့် ကို အဂတိအမှု ၄ ခု နဲ့ ပုဒ်မ ၁၃၀/က တို့နဲ့ ထောင်ဒဏ် ၉ နှစ် ၆ လ ချထားတာ ဖြစ်ပြီး အခု လက်ကျန် ပြစ်ဒဏ်အချိန်တွေကို လျှော့ပေါ့ပေးပြီး လွတ်ငြိမ်းခွင့်ပြုလုပ်တာ လည်း ဖြစ်ပါတယ်။

သမ္မတ ဦးဝင်းမြင့်ဟာ လက်ရှိမှာ ကုလသမဂ္ဂက မြန်မာနိုင်ငံတော် သမ္မတ အဖြစ် အသိအမှတ် ပြုထားဆဲ ဖြစ်ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း သူတို့ အစိုးရအဖွဲ့မှာ သမ္မတ အဖြစ် တင်မြှောက်ထားတာ ဖြစ်ပါတယ်။

ဓါတ်ပုံ- ဆရာထင်လင်းဦး

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version